နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း

Friday, November 4, 2011

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

(၂၀၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၁။)

၁၃၇၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက်

(၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်)


ပြည်ထောင်စုလွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။

ဤဥပဒေကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင် စေရမည်။

၂။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ဂ)ကို အောက်ပါအတိုင်း အစားထိုးရမည် -


“(ဂ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာရေး၊”

၃။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ(င)ကို ပယ်ဖျက်ပြီး ပုဒ်မခွဲ (စ)ကို ပုဒ်မခွဲ (င)၊ ပုဒ်မခွဲ (ဆ) ကို ပုဒ်မခွဲ(စ)၊ ပုဒ်မခွဲ(ဇ) ကို ပုဒ်မခွဲ(ဆ)၊ ပုဒ်မခွဲ(ဈ)ကို ပုဒ်မခွဲ(ဇ) အဖြစ် ပြောင်းလဲသတ်မှတ်ရမည်။

၎။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂(က)(၁)တွင် အောက်ပါ ရှင်းလင်းချက်ကို ဖြည့်စွက်ရမည်-


“ရှင်းလင်းချက်။

လွှတ်တော်သက်တမ်း တစ်ရပ်စီအတွက် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးသည့် နောက်ပိုင်းတွင် မှတ်ပုံတင်ခွင့်ရရှိသော ပါတီသည် ယင်း လွှတ်တော်သက်တမ်းအတွင်း ကျင်းပ ပြုလုပ်သော ကြားဖြတ် ရွေးကောက် ပွဲများ၌ ၀င်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်လျှင် ဖြစ်စေ၊ မဲဆန္ဒနယ် သုံးနယ်ထက် မနည်း ကျင်းပပြုလုပ်သော ကြားဖြတ် ရွေးကောက်ပွဲ များ၌ အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်လျှင် ဖြစ်စေ ယင်းသို့ ၀င်ရောက် ယှဉ်ပြိုင်မှု မပြုခြင်းသည် ဤပြဋ္ဌာန်းချက်နှင့် အကျုံးဝင်စေ ရမည်။


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။



(ပုံ) သိန်းစိန်



နိုင်ငံတော်သမ္မတ



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

0 comments:

 
MYANMAR GAZETTE - မီးပြတိုက်