ယနေ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် နှင့် မစ္စတာဘန်ကီမွန်း တို့၏ သမိုင်းထဲမှ တွေ့ဆုံမှုများ

Monday, April 30, 2012

22 May 2008

28 September 2009

28 September 2009

29 October 2010

29 October 2010

17 November 2011

30 April 2012

30 April 2012



ကုလသမ္မဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းမှ နိုင်ငံတော်သမ္မတကြီးအား လာရောက်တွေ့ဆုံခြင်း









နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာပေးပို့ခြင်း

Saturday, April 28, 2012



နိုင်ငံတော်သမ္မတထံသို့ ပြည်ထောင်စုလွှတ်တော်က ၂၀၁၂ ခုနှစ် မတ် ၂၈ ရက် ရက်စွဲဖြင့် သ၀ဏ်လွှာ (၁)စောင် ပေးပို့ခဲ့သည်။

အဆိုပါ သ၀ဏ်လွှာတွင် ပြည်ထောင်စု လွှတ်တော် နာယကထံသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းထံမှ ၂၀၁၂ ခုနှစ် မတ် ၁၄ ရက် ရက်စွဲဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆောင်ရွက်ချက် အချို့နှင့် စပ်လျဉ်းသည့် သ၀ဏ်လွှာ(၁)စောင် ပေးပို့ခဲ့ပါကြောင်း၊ ယင်းသ၀ဏ်လွှာကိစ္စရပ်အပေါ် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ၂၀၁၂ ခုနှစ် မတ် ၂၃ ရက် တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ တင်ပြ၍ ဆန္ဒရယူခဲ့ရာ ထောက်ခံဆန္ဒမဲ (၄၇၇)မဲ၊ ကန့်ကွက်ဆန္ဒမဲ (၃)မဲ၊ ကြားနေဆန္ဒမဲ (၇)မဲဖြင့် အစီရင်ခံစာပါ သဘောထား မှတ်ချက်များကို လွှတ်တော်က သဘောတူကြောင်း အတည်ပြု ဆုံးဖြတ်ခဲ့ပါကြောင်း၊ သို့ဖြစ်၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထား မှတ်ချက် အစီရင်ခံစာနှင့် စပ်လျဉ်းသည့် လွှတ်တော်၏ ဆုံးဖြတ်ချက်အား သုံးသပ် ဆောင်ရွက်နိုင်ပါရန် သ၀ဏ်လွှာ အဖြစ် ပေးပို့အပ်ပါကြောင်းဖြင့် ဖော်ပြပါရှိသည်။

အဆိုပါ သ၀ဏ်လွှာတွင် ပူးတွဲပါရှိသည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းထံမှ ပြည်ထောင်စု လွှတ်တော် နာယက ထံသို့ ပေးပို့ခဲ့သော သ၀ဏ်လွှာ အပြည့်အစုံမှာ -

၁။ နိုင်ငံတော်၏ အုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင်လျက်ရှိသော ပြည်ထောင်စု အစိုးရ အဖွဲ့သည် အောက်ဖော်ပြပါ ကိစ္စများကို စိတ်ကောင်း စေတနာကောင်းဖြင့် ဆောင်ရွက်ခဲ့သော်လည်း ဥပဒေနှင့် ညီညွတ်မှု ရှိ မရှိ စိစစ်ရန်လိုအပ်မည်ဟု ယူဆပါသည်။ အဆိုပါ ကိစ္စများမှာ -

(က)ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ ချီးမြှင့်ငွေ ခံစားရေးအတွက် ဥပဒေဖြင့် အတိအကျ ပြဋ္ဌာန်း သတ်မှတ် ပေးခဲ့သော်လည်း အဆိုပါ ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ လစာများကို ဥပဒေအရ သတ်မှတ်ချက် အတိုင်းမဟုတ်ဘဲ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်က သတ်မှတ်ချက် အတိုင်း လျှော့ပေါ့ ခံစားနေခြင်း၊

(ခ)အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာ များကို တိုးမြှင့်ပေးခဲ့ခြင်း၊

(ဂ)အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းပြီး ထိုကော်မရှင်ကို ဗဟိုအဆင့် အဖွဲ့အစည်း အဖြစ် သတ်မှတ်ခြင်းနှင့် ထိုကော်မရှင်အတွက် ငွေကြေးသုံးစွဲရန် ဘတ်ဂျက် ဥပဒေကြမ်းတွင် ထည့်သွင်း ဖော်ပြထားခြင်းတို့ ဖြစ်ပါသည်။

၂။ အထက်ဖော်ပြပါ ဆောင်ရွက်ချက် များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ အခြား တည်ဆဲ ဥပဒေများနှင့် အညီ ဆောင်ရွက်ထားခြင်း ရှိ မရှိ စိစစ်ပေးပါရန်၊ ဥပဒေနှင့်အညီ ဆောင်ရွက်ထားခြင်း မရှိပါက ဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် ပြည်ထောင်စု လွှတ်တော်က ကူညီဆောင်ရွက် ပေးစေလိုပါသည်။

၃။ နိုင်ငံတော် အစိုးရ အုပ်ချုပ်ရေး အဖွဲ့နှင့် နိုင်ငံတော် အစိုးရ ဥပဒေပြု အဖွဲ့ဖြစ်သော လွှတ်တော်များ၏ ဆောင်ရွက်ချက်များသည် တရားဥပဒေ စိုးမိုးရေးကို အလေးထား ဖော်ဆောင်နေကြောင်း ပေါ်လွင်ရမည် ဖြစ်ပါသည်။ အုပ်ချုပ်ရေးအဖွဲ့နှင့် လွှတ်တော်တို့၏ ဥပဒေနှင့်အညီ အစဉ်ပူးပေါင်း ဆောင်ရွက်နေမှုများက နိုင်ငံနှင့် ပြည်သူတို့အတွက် ရှေ့ဆောင်လမ်းပြ သာဓကယူဖွယ် စံနမူနာပြ အဖြစ် ပြသနိုင်မည် ဖြစ်ပါသည်။

၎။ သို့ဖြစ်ပါ၍ ဖော်ပြပါ ကိစ္စရပ်များအား သုံးသပ်ဆောင်ရွက် နိုင်ပါရန် သ၀ဏ်လွှာ ပေးပို့အပ်ပါသည် ဟူ၍ ဖြစ်သည်။
အလားတူ အဆိုပါ သ၀ဏ်လွှာတွင် ပူးတွဲပါရှိသည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြည်ထောင်စု အစိုးရ အဖွဲ့၏ ဆောင်ရွက်ချက် များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် နာယက ထံသို့ ပေးပို့ခဲ့သော သ၀ဏ်လွှာ အပေါ် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ အပြည့်အစုံမှာ -

၁။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ နိုင်ငံတော်၏ အုပ်ချုပ်ရေး တာဝန်ကို ထမ်းဆောင် လျက်ရှိသော ပြည်ထောင်စု အစိုးရ အဖွဲ့၏ ဆောင်ရွက်ချက်များအား ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ သုံးသပ်ဆောင်ရွက် နိုင်ပါရန် ပြည်ထောင်စု လွှတ်တော် နာယကထံသို့ သ၀ဏ်လွှာပေးပို့ခဲ့ပါသည်။

၂။ အဆိုပါ သ၀ဏ်လွှာနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် နာယကမှ ဥပဒေကြမ်း ပူးပေါင်း ကော်မတီက လေ့လာ တွေ့ရှိချက်နှင့် ဆောင်ရွက်သင့်သည့် အကြံပြုချက် တင်ပြရန် အကြောင်း ကြားခဲ့သည့် စာကို ဥပဒေကြမ်း ပူးပေါင်း ကော်မတီမှ ၂၁-၃-၂၀၁၂ နေ့တွင် လက်ခံရရှိခဲ့ပြီး ယင်းနေ့တွင် ဥပဒေကြမ်း ပူးပေါင်း ကော်မတီနှင့် ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ လေ့လာရေး ကော်မရှင် အဖွဲ့ဝင်များ ဆွေးနွေးညှိနှိုင်း ခဲ့ကြပါသည်။

လေ့လာတွေ့ရှိချက်များ

၃။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ သ၀ဏ်လွှာတွင် နိုင်ငံတော်၏ အုပ်ချုပ်ရေး တာဝန်ကို ထမ်းဆောင်လျက် ရှိသော ပြည်ထောင်စု အစိုးရ အဖွဲ့သည် စိတ်ကောင်း စေတနာကောင်းဖြင့် ဆောင်ရွက်ခဲ့ သော်လည်း ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ စိစစ်ရန် လိုအပ်မည်ဟု ထင်မြင် ယူဆသည့် အချက်(၃)ချက်ကို ဖော်ပြထားကြောင်း တွေ့ရှိ ရပါသည်။

၎။ အဆိုပါ အချက်များကို အောက်ပါအတိုင်း စိစစ်လေ့လာ တွေ့ရှိရပါသည် -

(က)''ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ ချီးမြှင့်ငွေ ခံစားရေးအတွက် ဥပဒေဖြင့် အတိအကျ ပြဋ္ဌာန်း သတ်မှတ် ပေးခဲ့သော်လည်း အဆိုပါ ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ လစာများကို ဥပဒေအရ သတ်မှတ်ချက် အတိုင်း မဟုတ်ဘဲ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်က သတ်မှတ်ချက်အတိုင်း လျှော့ပေါ့ ခံစားနေခြင်း'' နှင့် စပ်လျဉ်း၍ '' ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ် များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင် အယောင်များ ဆိုင်ရာ ဥပဒေ'' အခန်း (၄)၊ ပုဒ်မ ၂၉ ပါ ပြဋ္ဌာန်းချက် အရ ပြည်ထောင်စု လွှတ်တော် ကသာ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုနိုင်ပါကြောင်း စိစစ် တွေ့ရှိရပါသည်။

(ခ)''အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာ များကို တိုးမြှင့် ပေးခဲ့ခြင်း'' နှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ ရသုံးမှန်းခြေ ငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေများတွင် ထည့်သွင်း ဖော်ပြပြီး အခြေခံ ဥပဒေပုဒ်မ ၁၀၃ ပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ရမည် ဖြစ်သော်လည်း ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူခဲ့ခြင်း မရှိသည်ကို စိစစ် တွေ့ရှိရပါသည်။


(ဂ)''အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းပြီး ထိုကော်မရှင်ကို ဗဟိုအဆင့် အဖွဲ့အစည်း အဖြစ် သတ်မှတ်ခြင်းနှင့် ထိုကော်မရှင် အတွက် ငွေကြေး သုံးစွဲရန် ဘတ်ဂျက် ဥပဒေကြမ်းတွင် ထည့်သွင်း ဖော်ပြခြင်း'' နှင့် စပ်လျဉ်း၍ ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၀၊ ၂၀၂၊ ၂၀၃၊ ၂၃၂ (စ)၊ ၂၃၂ (ဆ)၊ ၂၃၃ တို့တွင် ပြဋ္ဌာန်းထားသည့် ဗဟို အဖွဲ့အစည်းဝင်များ ဖွဲ့စည်းခြင်း၊ တာဝန် ပေးအပ်ခြင်း၊ စွပ်စွဲပြစ်တင်ခြင်း ဆိုင်ရာ ပြဋ္ဌာန်းချက်များတွင် ပါဝင်မှု မရှိကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၆၊ ၉၊ ၁၂၊ ၁၃ ပါ ပြဋ္ဌာန်းချက် များတွင်လည်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် စပ်လျဉ်း၍ ဖော်ပြ ထားခြင်းများ မရှိကြောင်း စိစစ် တွေ့ရှိရပါသည်။ ယင်းအချက်နှင့် စပ်လျဉ်း၍ (၁၆-၃-၂၀၁၂) ရက်နေ့တွင် ကျင်းပခဲ့သော ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် တတိယ ပုံမှန် အစည်းအဝေး ၂၁ ရက် မြောက်နေ့တွင် အစည်းအဝေးက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဗဟို အဖွဲ့အစည်းတွင် ထည့်သွင်းထားခြင်းနှင့် ရသုံး ခန့်မှန်းခြေ ငွေစာရင်းတွင် အသုံးစရိတ် ထည့်သွင်း ဖော်ပြထားခြင်း တို့ကို ပယ်ဖျက်ကြောင်း ဆုံးဖြတ်ခဲ့သည် ကိုလည်း စိစစ် တွေ့ရှိရပါသည်။


ကော်မတီ၏ သဘောထားမှတ်ချက်

၅။ သို့ဖြစ်ပါ၍ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ လစာများကို ဥပဒေအရ သတ်မှတ်ချက် အတိုင်း မဟုတ်ဘဲ လျှော့ပေါ့ ခံစားနေခြင်း၊ အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာ များကို တိုးမြှင့် ပေးခဲ့ခြင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းပြီး ထိုကော်မရှင်ကို ဗဟို အဖွဲ့အစည်း အဖြစ် သတ်မှတ်ခြင်း၊ ငွေကြေး သုံးစွဲရန် ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်း ဖော်ပြထားခြင်း တို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနှင့် ညီညွတ်မှု မရှိကြောင်း သဘောထား မှတ်ချက်ပြု တင်ပြအပ်ပါသည်။

၆။ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ လစာများကို လျှော့ပေါ့ခံစား လိုပါက ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင် အယောင်များ ဆိုင်ရာ ဥပဒေကို ပြင်ဆင်ချက်အဖြစ် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းပြီး အတည်ပြုချက် ရယူသင့်ပါသည်။

၇။ အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာ များကို တိုးမြှင့်ပေးခဲ့ခြင်း အတွက် အခြေခံ ဥပဒေတွင် ပြဋ္ဌာန်း ထားသည့် အတိုင်း ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်း ဖော်ပြပြီး ဘဏ္ဍာရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း အတည်ပြုချက် ရယူသင့်ပါသည်။

၈။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေပုဒ်မ ၂၃ (က)အရ အကြံပေး အဖွဲ့များသာ ဖွဲ့စည်းနိုင်ပြီး ယင်းဥပဒေ ပုဒ်မ ၂၃ (ခ)အရ အကြံပေး အဖွဲ့ဝင်များ ခံစားခွင့်ရှိသည့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင် တို့ကို ပြည်ထောင်စု အစိုးရ အဖွဲ့က သတ်မှတ်ပြီး ယင်း၏ ဘဏ္ဍာ ရန်ပုံငွေမှ ကျခံဆောင်ရွက် နိုင်ပါကြောင်း အကြံပြု တင်ပြ အစီရင်ခံ အပ်ပါသည် ဟူ၍ ဖြစ်သည်။
အဆိုပါ ပြည်ထောင်စု လွှတ်တော် နာယက၏ သ၀ဏ်လွှာနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ ထံမှ ပြည်ထောင်စု လွှတ်တော် နာယက ထံသို့ ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက် ရက်စွဲဖြင့် သ၀ဏ်လွှာ(၁)စောင် ပေးပို့ခဲ့သည်။

အဆိုပါ နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာအပြည့်အစုံမှာ-

၁။ နိုင်ငံတော် သမ္မတက ဆုံးဖြတ် ဆောင်ရွက်ခဲ့သော အောက်ဖော်ပြပါ လုပ်ငန်းစဉ် (၃)အပေါ် ဥပဒေနှင့် ညီညွတ်မှု ရှိ/ မရှိ စစ်ဆေးသင့်ကြောင်း ရည်ညွှန်းပါ သ၀ဏ်လွှာဖြင့် နိုင်ငံတော် သမ္မတထံ ပေးပို့လာပါသည်-


(က)ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ လစဉ်ချီးမြှင့်ငွေ လျှော့ပေါ့ခံစားခြင်း။

(ခ)အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့်ပေးခြင်း၊

(ဂ)မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်း။

၂။ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ၏ လစဉ်ချီးမြှင့်ငွေ လျှော့ပေါ့ ခံစားရန် ကိစ္စနှင့် စပ်လျဉ်း၍ ၃၁-၃-၂၀၁၁ ရက်တွင် နိုင်ငံတော် သမ္မတရုံး၌ ပြုလုပ်ခဲ့သော ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ နိုင်ငံတော် သမ္မတ၏ မိန့်ခွန်း နာခံခြင်းနှင့် ကတိသစ္စာ ပြုခြင်း အခမ်းအနား၌ နိုင်ငံတော်၏ လက်ရှိ အခြေအနေ၊ ဘဏ္ဍာရေး အခြေအနေနှင့် နိုင်ငံသားများ၏ အကျိုးကို ရှေးရှုသော အားဖြင့် ခံစားခွင့် ပြုထားသော လစဉ် ချီးမြှင့်ငွေ များကို အပြည့်အ၀ ခံစားခြင်း မပြုဘဲ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ကာလတွင် ခံစားခဲ့သော ထောက်ပံ့ငွေ အတိုင်းသာ ခံစားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ အောက်ပါ အချက်များအား ဆင်ခြင် သုံးသပ်နိုင်ရန် ဖော်ပြပါသည်-

(က)ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ၏ လစဉ် ချီးမြှင့်ငွေကို လျှော့ပေါ့ ခံစားခြင်းသာ ဖြစ်ပါသည်။ စရိတ်များကိုမူ ဥပဒေပါ အတိုင်း ခံစားလျက် ရှိကြပါသည်။ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်ကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း မဟုတ်ပါ။

(ခ)ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော် သမ္မတအား အပ်နှင်းထားသော အုပ်ချုပ်မှု အခွင့် အာဏာအရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

(ဂ)နိုင်ငံတော် သမ္မတ၏ ကတိက၀တ်အား ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး(၁/၂၀၁၁) တွင် သဘောတူညီချက် ရယူပြီး ဖြစ်ပါသည်။

(ဃ)ဥပမာ ပြုရန်အားဖြင့်- နိုင်ငံတော် သမ္မတ စ၀်ရွှေသိုက် လက်ထက်တွင် ၀န်ကြီးချုပ်ဦးနု ဦးဆောင်သော ၀န်ကြီးများသည် (၂၀-၁-၄၉)ရက်၌ ကျင်းပခဲ့သော ၀န်ကြီးများ အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် အရ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများသည် ပြည်ထောင်စု အစိုးရ (အဖွဲ့ဝင်ဝန်ကြီးများ၏ လစာငွေများ) အက်ဥပဒေ (၁၉၄၈ ခုနှစ် အက်ဥပဒေ အမှတ် ၄) အရ သတ်မှတ် ပြဋ္ဌာန်းထားသည့် လစာ၏ ၅၀ ရာခိုင်နှုန်းကို လည်းကောင်း၊ ပါလီမန် အတွင်းဝန်များသည် ၄၀ ရာခိုင်နှုန်းကို လည်းကောင်း လျှော့ပေါ့ ခံစားရန် ညှိနှိုင်းဆုံးဖြတ် ဆောင်ရွက်ခဲ့ပါသည်။

၃။ သို့ရာတွင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ ချီးမြှင့်ငွေ လျှော့ပေါ့ ခံစားသည့် နိုင်ငံတော် သမ္မတ၏ ကတိက၀တ်ပြု ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်လိုက ဆောင်ရွက်နိုင်ကြောင်း ဖော်ပြအပ်ပါသည်။

၎။ နိုင်ငံ့ ၀န်ထမ်းဟောင်း အငြိမ်းစားများအား ပင်စင်လစာကို (၁-၇-၂၀၁၁) ရက်မှစ၍ တိုးမြှင့်ခံစား နိုင်ရန် ဆောင်ရွက် ခဲ့ခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

(က)ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်ပါ နိုင်ငံတော် သမ္မတသို့ အပ်နှင်းထားသော အုပ်ချုပ်မှု အခွင့် အာဏာအရ ဆောင်ရွက်ခဲ့ခြင်းသည် ၎င်းတို့၏ လူမှုစီးပွားရေး ဘ၀အား စောင့်ရှောက်ရန် တာဝန် ရှိသည့် အလျောက် ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ စည်းကမ်း ကောင်းမွန်စွာ တာဝန်ထမ်းဆောင် ခဲ့မှုကြောင့် အငြိမ်းစား လစာ ခံစားခွင့် ရသော်လည်း ငွေကြေး ဖောင်းပွမှုနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှု ဒဏ်များကြောင့် အခက်အခဲ ကြုံလျက်ရှိသော ၎င်းပုဂ္ဂိုလ် များအား ချီးမြှင့် စောင့်ရှောက်ခြင်းသာ ဖြစ်ပါသည်။

(ခ)အငြိမ်းစားလစာ တိုးမြှင့်ခံစားခွင့် ပြုရန် ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန သည်လည်း Civil Service Regulations နှင့် အညီ ပြည်ထောင်စု အစိုးရ အဖွဲ့သို့ တင်ပြ ခွင့်ပြုချက် ရယူ၍ အမိန့်ကြော်ငြာစာ ထုတ်ပြန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

(ဂ)အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာကို နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ပြဋ္ဌာန်းခဲ့သည့် ၂၀၁၁ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေအရ ခွင့်ပြုပြီး ဖြစ်သည့် ပင်စင် လစာငွေ ခွင့်ပြုချက် အတွင်းမှ ပေးခဲ့ခြင်း ဖြစ်ပါသည်။

(ဃ)ချီးမြှင့်ခဲ့သည့် ငွေပမာဏအား ရှင်းလင်းထားသည့် ၂၀၁၁-၂၀၁၂ ခု ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ရသုံး ခန့်မှန်းခြေ ငွေစာရင်း သည်လည်း ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ပြီး ဖြစ်ပါသည်။

(င)ထို့ပြင် ၂၀၁၂-၂၀၁၃ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေတွင်လည်း အဆိုပါ အငြိမ်းစားလစာ တိုးမြှင့်ခြင်း အတွက် ထည့်သွင်း ရေးဆွဲထားပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး ဖြစ်ပါသည်။

၅။ နိုင်ငံ့ဝန်ထမ်း အငြိမ်းစား များအား လစဉ် ချီးမြှင့်ငွေ တိုးမြှင့်ခံစားသည့် ကိစ္စနှင့် စပ်လျဉ်း၍ အထက် ဖော်ပြပါ အတိုင်း ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ သို့ရာတွင် ထိုသို့ တိုးမြှင့်ခံစား စေခြင်းအား ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်လိုက ဆောင်ရွက်နိုင်ကြောင်း ဖော်ပြအပ်ပါသည်။

၆။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်း၊ ဗဟို အဖွဲ့အစည်း သတ်မှတ်၍ ရသုံး ခန့်မှန်းခြေ ငွေစာရင်းတွင် ထည့်သွင်း တောင်းခံခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ဖော်ပြပါသည်-

(က)မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သော်လည်းကောင်း၊ ဥပဒေ တစ်ရပ်ရပ်အရ သော်လည်းကောင်း ဖွဲ့စည်းခဲ့ခြင်း မဟုတ်ပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အပ်နှင်းထားသည့် အုပ်ချုပ်မှု အာဏာအရ အုပ်ချုပ်ရေး ဆိုင်ရာ အရေးယူ ဆောင်ရွက်ချက်ဖြင့် ဖွဲ့စည်းခဲ့သည့် ကော်မရှင် ဖြစ်ပါသည်။ (ရှင်းလင်းချက်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၁၇ တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် မဆန့်ကျင် စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှု အာဏာသည် နိုင်ငံတော် သမ္မတ၌ တည်ရှိသည်ဟု လည်းကောင်း၊ ပုဒ်မ ၂၁၈ ပုဒ်မခွဲ (က) တွင် ပြည်ထောင်စု အစိုးရ၏ အုပ်ချုပ်ရေး ဆိုင်ရာ အရေးယူ ဆောင်ရွက်ချက် အားလုံးကို နိုင်ငံတော် သမ္မတ၏ အမည်ဖြင့် ဆောင်ရွက်ရမည်ဟု လည်းကောင်း၊ ပုဒ်မ ၂၁၆ တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် မဆန့်ကျင်လျှင် ပြည်ထောင်စု၏ အုပ်ချုပ်မှု အာဏာသည် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုနိုင်သော အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များသို့လည်း သက်ရောက် ပျံ့နှံ့သည်ဟုလည်းကောင်း ပြဋ္ဌာန်းထားပါသည်။)

(ခ)ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ပေါ်ပေါက်လာသော အစိုးရသစ် လက်ထက်တွင် အမျိုးသား အကျိုးစီးပွား အတွက် ပြည်ပ ဖိအားများ လျော့ကျရေး၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးများ ကာကွယ်ရေးနှင့် မြှင့်တင်ရေး တို့အတွက် မဖြစ်မနေ လိုအပ်ချက် အရ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

(ဂ)ကော်မရှင်ကို ဗဟိုအဆင့် အဖွဲ့အစည်း အဖြစ် သတ်မှတ်ခြင်း၊ ငွေကြေး သုံးစွဲရန် ၂၀၁၂-၂၀၁၃ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ရသုံး ခန့်မှန်းခြေ ငွေစာရင်းတွင် အသုံးစရိတ် လျာထားမှု များအား ပယ်ဖျက်ခဲ့ပြီး ဖြစ်ပါသည်။

(ဃ)ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် တို့ကို ပြည်ထောင်စု ၀န်ကြီးအဆင့်နှင့် ဒုတိယ၀န်ကြီး အဆင့် သတ်မှတ် ပေးထားခြင်း တို့ကိုလည်း ပယ်ဖျက်ပြီး ဖြစ်ပါသည်။

(င)ကော်မရှင်ကို အုပ်ချုပ်ရေး အာဏာအရ ဖွဲ့စည်း ထားရှိခြင်း၊ အမျိုးသား အကျိုးစီးပွားနှင့် နိုင်ငံသား များ၏ မူလ အခွင့်အရေးကို ကာကွယ်ရေးနှင့် မြှင့်တင်ရေး တို့အတွက် မရှိမဖြစ် လိုအပ်ခြင်း တို့ကြောင့် ဆက်လက် ဖွဲ့စည်း ထားရှိမည် ဖြစ်ပြီး နိုင်ငံတော် သမ္မတရုံးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ရန်ပုံငွေမှ ထုတ်ယူ သုံးစွဲသွားမည် ဖြစ်ပါသည်။ ထို့ပြင် ဥပဒေကို အခြေခံ ဖွဲ့စည်းသည့် ကော်မရှင် တစ်ရပ် ဖြစ်ပေါ်စေရေး အတွက် ဥပဒေကြမ်း တစ်ရပ် ပြုစုရေးဆွဲလျက် ရှိပြီး ပြည်ထောင်စု လွှတ်တော်၏ အတည် ပြုချက်ဖြင့် ပြဋ္ဌာန်း၍ ဆက်လက် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၇။ နိုင်ငံတော် သမ္မတ အနေဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက် ရှိသော မြန်မာ့ လူ့ဘောင် အဖွဲ့အစည်း အကျိုးစီးပွား အတွက် ဥပဒေနှင့် အညီ ဆောင်ရွက်လျက် ရှိပါသည်။ အထက် ဖော်ပြပါ ပြည်ထောင်စု လွှတ်တော်က ပေးပို့လာသော ကိစ္စရပ် (၃)ခုနှင့် စပ်လျဉ်း၍ သုံးသပ် ဆောင်ရွက်နိုင်ရန် သ၀ဏ်လွှာ ပေးပို့အပ်ပါသည် ဟူ၍ ဖြစ်သည်။

နိုင်ငံတော သမ္မတထံမှ ပေးပို့ခဲ့သည့် သ၀ဏ်လွှာပါ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ လစဉ် ချီးမြှင့်ငွေ လျှော့ပေါ့ ခံစားခြင်း၊ အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့်ပေးခြင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်း ကိစ္စများကို ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယ ပုံမှန်အစည်း အဝေး (၂၇)ရက်မြောက်နေ့တွင် ပြည်ထောင်စု လွှတ်တော် နာယကက ဖတ်ကြား တင်ပြပြီး မှတ်တမ်းတင် ဆောင်ရွက်ခဲ့ကြောင်း သတင်းကို ၂၀၁၂ ခုနှစ် ဧပြီ ၂၅ ရက်ထုတ် နေ့စဉ် သတင်းစာ များတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

National Graduate Institute for Policy Studies (GRIPS) အဖွဲ့များနှင့် တွေ့ဆုံခြင်း

Monday, April 23, 2012













နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် မှ ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့် ဂျပန်နိုင်ငံတွင် တွေ့ဆုံမှု









နိုင်ငံတော်သမ္မတကြီး ဦးသိန်စိန် JCCI host တွင် နေ့လည်စာ သုံးဆောင်ခြင်း






ဂျပန် ဒုတိယ၀န်ကြီးချုပ်နှင့် တွေ့ဆုံမှု

Sunday, April 22, 2012






ဂျပန်နိုင်ငံ ကမာကူရ ရုပ်ပွားတော်အား သွားရောက်ဖူးမြော်ခြင်း







 
MYANMAR GAZETTE - မီးပြတိုက်