မြန်မာ့ဒီမိုကရေစီခေါင်းဆောင် သမ္မတကြီး ဦးသိန်းစိန် နှင့် Channel News Asia ရုပ်သံ တို့ တွေ့ဆုံခြင်း

Monday, July 30, 2012




နိုင်ငံတော်သမ္မတဦးသိန်းစိန် - ခင်ဗျားတို့ CNA အနေနဲ့ကတော့ နာမည်ကြီးတဲ့သတင်းဌာနတစ်ခုလဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလဲ CNAသတင်းဌာနကို လူကြည့်တော်တော်လဲများပါတယ်။ များသောအားဖြင့်ကြည့်ကြတာများပါတယ်။ ဒီလိုအင်တာဗျူးလာရောက်လုပ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကျွန်တော်အနေနဲ့ ကြိုဆိုပါတယ်။ ကျေးဇူးလဲတင်ပါတယ်။

CNA - ကျွန်မတို့အနေနဲ့ အခုလိုနိုင်ငံတော် သမ္မတကြီးနဲ့ တွေ့ဆုံမေးမြန်းခွင့် ရတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်မတို့ CNA သတင်းဌာနအနေနဲ့ မြန်မာနိုင်ငံကသတင်းများကို ရယူထုတ်လွှင့်လျက်ရှိပါတယ်။ ဒီနှစ်အတွင်းမှာ CNA တင်းဌာနအနေနဲ့ ကျွန်မအပါအ၀င် စင်ကာပူတို့၊ ဘန်ကောက်အခြေစိုက်တို့က သတင်းသမားတွေက မြန်မာနိုင်ငံသို့သွားရောက်ပြီးတော့ သတင်းရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်း လဲရေးလုပ် ငန်းစဉ် အထူးသဖြင့် နိုင်ငံတော် သမ္မတကြီးတို့လို ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေကို တိုက်ရိုက်ထိတွေ့ပြီး သတင်းရယူထုတ်လွှင့်နိုင်တဲ့အတွက်ကြောင့်မိုလို့ ကျွန်မတို့များစွာဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လဲ ဒီသတင်းဌာနနဲ့ ပထမဆုံး အကြိမ်တွေ့ဆုံ အင်တာဗျူးလုပ်တာပါပဲ။ မေးမယ့်မေးခွန်းတွေကိုလဲ ကြိုပြီးတော့ရထားပါတယ်။ ကျွန်တော်လဲ အတတ်နိုင် ဆုံးကြိုးစားပြီးဖြေပေး ပါ့မယ်။

CNA - သမ္မတကြီးအနေနဲ့ ဒီခရီးစဉ်အတွင်းမှာ အစီအစဉ်က အင်မတန်မှကြပ်တယ် ဆိုတာနားလည်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်မတို့ အနေနဲ့ မေးခွန်းတွေကို တိုတိုတုတ်တုတ်နဲ့ မေးမြန်းသွားဖို့ အတတ်နိုင်ဆုံးဆောင်ရွက် သွားပါမယ်။ ကျွန်မတို့ အင်တာဗျူးမတိုင်ခင် သတင်းသမားတွေ ပြင်ဆင်မှုလုပ်နေပါတယ်။ ကျွန်မရဲ့မိသားစုက အိန္ဒိယနိုင်ငံ ကိုကတ္တားကပါ။ ကျွန်မတို့အဖိုးတွေ လက်ထက် ၁၉၃၀ ခုနှစ်လောက်တုန်းက ကျွန်မအဖိုးက မြန်မာနိုင်ငံ ရန်ကုန်မြို့မှာစီးပွားရေးလုပ်ခဲ့ ပါတယ်။ ကိုကတ္တားက ပြည်သူတွေကလဲ မြန်မာနိုင်ငံနဲ့ သိကျွမ်းနေကြပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် -
ဒါဆိုရင်လဲကျွန်တော်တို့နဲ့ ဆွေမျိုးတွေပေါ့။

CNA - ကျွန်မရဲ့အဖေက ၁၉၅၀-၆၀လောက်မှာ ဒါဂျီလင်မှာ ပညာ သင်ကြားခဲ့ပါတယ်။ အဲဒီအချိန် တုန်းက မြန်မာနိုင်ငံက ဒါဂျီလင်မှာ လာရောက် ပညာသင်ကြားနေတဲ့ မြန်မာတွေနဲ့ ရင်းနှီးခဲ့ပါတယ်။ ဒါကြောင့်မိုလို့ ယဉ်ကျေးမှုအရ ကျွန်မတို့ နှစ်နိုင်ငံက တော်တော်နီးစပ်ပါတယ်။

ဒါကြောင့် သမ္မတကြီးနဲ့ အခုလို အင်တာဗျူးခွင့်ရတဲ့အတွက် သူတို့အနေနဲ့ အင်မတန်မှ ၀မ်းသာနေကြပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ကျွန်တော်ထင်တယ်။ ခင်ဗျားအဖေရဲ့ သူငယ်ချင်းတွေ မြန်မာနိုင်ငံမှာ အခုထိရှိနေဦးမယ် ထင်ပါတယ်။ ကျွန်တော် ထင်တာက ရုပ်ရှင်မင်းသားဦးညွှန့်ဝင်းတို့နဲ့ အတူတူလောက် ရှိမယ်ထင်တယ်။ ဦးညွှန့်ဝင်း အသက်ဆို ၆၀ကျော် ၇၀နီးပါးလောက်ရှိမယ်ထင်တယ်။

CNA - ကျွန်မရဲ့အဖေက ဦးညွှန့်ဝင်းထက် အသက်နည်းနည်းပိုကြီးမယ် ထင်ပါတယ်။ ဦးညွှန့်ဝင်းက ကျွန်မအဖေထက် အသက်ငယ်တော့ နည်းနည်းဂျူနီယာပိုကျမယ်ထင်ပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ဒါဂျီလင်မှာ ကျောင်းတက်တဲ့သူတွေ ကျွန်တော်တို့ ဆီမှာတော်တော်များများ ရှိပါတယ်။ ကျွန်တော်တို့နဲ့ အတူတူ ဗိုလ်လောင်း သင်တန်းတက်တဲ့သူတွေထဲမှာ ဒါဂျီလင်ကျောင်း ဆင်းတွေတော် တော်များများရှိပါ တယ်။

CNA - ကျွန်မ အဖေကျောင်း တက်တဲ့ ဒါဂျီလင်မြို့ကိုရောက် ဖူးပါတယ်။ ဒါဂျီလင်က တော်တော်လေး လှတဲ့မြို့ပါ။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ခင်ဗျား အဖိုးနေခဲ့ တဲ့မြန်မာနိုင်ငံကို ခင်ဗျားတို့ဆွေမျိုး သားချင်းတွေခေါ်လာပြီး လာလည်ပေါ့။

CNA - နိုင်ငံတော်သမ္မတကြီးကို ပြုပြင်ပြောင်း လဲရေးသမား၊ ပြုပြင်ပြောင်းလဲရေးဆောင် ရွက်နေတဲ့သူလို့ အများ ကပြောကြပါတယ်။ ဒီလိုသုံးသပ်မှု ကိုဘယ်လိုမြင်ပါသလဲ။ ဒီလိုသုံးသပ်တာကမှန်ပါသလား။ သမ္မတကြီးရဲ့အမြင်လေးကိုသိ ရှိလိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပြုပြင်ပြောင်း လဲရေးကိစ္စက တ ကယ်တော့ ပြည်သူ လူထုရဲ့ဆန္ဒကိုလိုက်ပြီးတော့ ဆောင် ရွက်ပေးခြင်းဖြစ် ပါတယ်။ စနစ်က လဲပြောင်းလာပြီ။ စနစ်ပြောင်း လာတဲ့အ တွက်ပြည်သူ လူထုက နိုင်ငံရေးအရပြုပြင် ပြောင်းလဲမှုတွေကို လိုအပ်လာတယ်။ တောင်းဆိုလာတယ်။ စီးပွားရေးအရပြုပြင်ပြောင်းလဲမှုတွေကို လိုအပ် လာတယ်။ တောင်းဆို လာတယ်။ ပြည်သူ လူထုရဲ့ဆန္ဒကိုလိုက်ပြီး အကောင် အထည်ဖော်ဆောင် ရွက်ပေးတဲ့ သဘောပဲဖြစ်ပါတယ်။ ဘာကြောင့်ပြည် သူလူထု ရဲ့ဆန္ဒကို လိုက်လျောပေးရ သလဲဆိုရင် ကျွန်တော်တို့က ပြည်သူ လူထုကရွေးချယ် ထားတဲ့ အစိုးရဖြစ်နေ ပါတယ်။ စနစ်ကလဲပြောင်း သွားပါပြီ။ ဒါကြောင့်ပြည် သူလူထုက ရွေးချယ်ထား တဲ့အစိုး ရဖြစ်တဲ့ အတွက်ကြောင့် ပြည်သူ လူထုရဲ့ဆန္ဒ ကိုလိုက်ပြီးတော့ အကောင် အထည်ဖော်ဆောင် ရွက်ပေးခြင်းပဲဖြစ်ပါတယ်။

CNA - နိုင်ငံတော် သမ္မတကြီးက မြစ်ဝကျွန်းပေါ် ဧရာဝတီဒေသ မှာမွေးဖွားခဲ့တယ်လို့ သိရပါတယ်။ တချို့ကလဲပြောနေကြပါတယ်။ သတင်း တစ်ခုကပေါ့။ နိုင်ငံတော် သမ္မတကြီးအနေနဲ့ ၂၀၀၈ ခုနှစ်မှာဖြစ်ခဲ့တဲ့ နာဂစ်ဆိုင် ကလုန်းမုန်တိုင်းဖြစ်ပြီး တော့ ဒီဒေသကိုသွားရောက်ပြီးတော့ ဒီဒေသမှာရှိတဲ့ပြည်သူတွေ ဒုက္ခ ဆင်းရဲရောက်နေတာကို မျက်မြင်ကိုယ်တွေ့တွေ့ပြီး နိုင်ငံတော်ကို အခုလျှောက်လှမ်းနေတဲ့ ဒီပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်တွေကို လုပ်ရမယ်ဆိုတဲ့ အမြင်ပြောင်းလာ တယ်လို့ပြောပါတယ်။ ဒါကိုရော သမ္မတကြီးအမြင် အနေနဲ့ပေါ့။ အဲဒါမှန်ပါသလား။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ကျွန်တော့်ကို ဧရာဝတီတိုင်းက သာမန် မိဘနှစ်ပါးကမွေးဖွားလာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဧရာဝ တီတိုင်းက ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ဇာတိဖြစ်ပါတယ်။ နောက်၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်း ကြုံ တွေ့ရတဲ့အခါမှာ ကျွန်တော်ကလဲ ဒီဒေသကို ပြန်လည် ထူထောင်ပေး ဖို့အတွက်၊ ကယ်ဆယ်ရေးတွေ လုပ်ပေးဖို့အတွက် တာဝန်ရှိတဲ့ဝန်ကြီးချုပ် တစ်ယောက်ဖြစ်ပါတယ်။ တာဝန်ရှိတဲ့ ၀န်ကြီးချုပ် တစ်ယောက်ဖြစ်တဲ့အတွက် ကြောင့်မို့လို့ ဒီဒေ သကို ကူညီရေးတွေ၊ ကယ်ဆယ်ရေးတွေ ပြန်လည် ထူထောင်ရေးတွေ လုပ်ပေးရ တာလဲပါပါတယ်။ နောက်ကိုယ့်ဒေ သဖြစ်တဲ့အတွက်ကြောင့် မို့လို့ ပိုပြီးတော့ လုပ်ပေး ချင်တဲ့ဆန္ဒဖြစ်မိပါတယ်။ သို့သော်လဲ ဒီပြုပြင်ပြောင်း လဲရေးလုပ်တာမှာ ဒီကိစ္စတစ်ခုထဲကြောင့်တော့ မဟုတ်ပါဘူး။ မြန် မာ တစ်နိုင်ငံလုံးကို ကျွန်တော်တို့ရောက် ရှိပါတယ်။ ပြည်သူများနဲ့ လဲထိတွေ့ပါတယ်။ အဲဒီလို ပြည်သူတွေနဲ့ ထိတွေ့တယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို ရောက်ရှိဖူးတယ်။ ဒီအတွေ့အကြုံတွေအရ ဒီအချိန်မှာတော့ ပြုပြင်ပြောင်း လဲရေးတွေလုပ်ဖို့ လိုအပ်တယ်ဆိုပြီးတော့ အားလုံးအတွက် ဒီလိုလုပ်တာဖြစ်ပါတယ်။ ဧရာဝတီ တိုင်းရဲ့အတွေ့အကြုံတစ်ခုထဲ နဲ့မဟုတ်ပါဘူး။

CNA - ကျွန်မမြန်မာနိုင်ငံမှာရှိတဲ့ ပူတာအိုဒေသ ကိုသွားချင်ပါတယ်။ အဲဒီမှာ နှင်းဖုံးနေတဲ့တောင်တွေ လဲရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ လာမယ့်လ မကြာမီအတွင်းမှာ ကျွန်မတွေ့ခဲ့တဲ့ ဟိုတယ်/ခရီးက တာဝန်ရှိသူတွေနဲ့၊ ကျွန်မရဲ့မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေခေါ်ပြီး ပူတာအိုဒေသကို သွားရောက်ဖို့မျှော်လင့်ထားပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပူတာအိုဆိုရင်တော့ ကျွန်တော်တို့က တော်တော်လေးစဉ်းစားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပူတာအိုက ကချင်ပြည်နယ် ထဲမှာပါလို့ပါ။ လောလောဆယ်က ချင်ပြည်နယ်ထဲက လူမျိုးစု လက်နက်ကိုင်အဖွဲ့အ စည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာ အပြည့်အ၀မရသေးပါဘူး။ မရသေး တဲ့အတွက် လုံ ခြုံမှုအတွက် စိုးရိမ်ရပါတယ်။ ငြိမ်းချမ်းမှုရ လာတဲ့အခါ ကျွန်တော်ဖိတ်ပေးပါ့မယ်။ သို့သော်လဲ သာမန်ပြည်သူတွေ အနေနဲ့ကတော့သွားလို့ရပါတယ်။ ပူတာအိုမှာလေယာဉ်ကွင်းလဲရှိပါတယ်။ ပူတာအိုရောက်လို့ရှိရင် ရေခဲတောင်တွေ ဟိုမှာလှမ်းတွေ့ရပါတယ်။ အရှေ့တောင်အာရှမှာ ဆိုရင် ရေခဲတောင်တွေရှိတာ ကျွန်တော်တို့တစ်နိုင်ငံထဲရှိပါတယ်။

CNA - ဒါဂျီလင်ကို ခရီးသွားတဲ့အခါမှာ မြင့်တဲ့ အတွက်ကြောင့်မို့လို့နေရတာ အသက်ရှုရ တာအခက် အခဲရှိပါတယ်။ ပူတာအိုကရော အမြင့်ဘယ်လောက်လောက် များရှိပါသလဲ။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပူတာအိုက ပေ၁၅၀၀ လောက်ပဲရှိမယ်ထင်ပါတယ်။

CNA - မြန်မာနိုင်ငံရဲ့ အမျိုး သားပြန်လည် စည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့တွေ့ဆုံပြီးပါပြီ။ ဆက်လက်ပြီးတော့ ထိတွေ့ဆက် ဆံမှုတွေတွေ့နေ ရပါတယ်။ ဒီလိုထိတွေ့ဆက်ဆံတဲ့အခါမှာ နိုင်ငံ တော် သမ္မတကြီးရဲ့ခံစားမှုရယ်။ နောက်ဒီ လိုတွေ့တဲ့အခါမှာ နိုင်ငံတော်သမ္မတကြီးနဲ့ သူနဲ့ဘယ်လို အချက်တွေမှာ တူညီမှုရှိပြီးတော့ ဘယ်လိုအချက်တွေမှာ သဘောထား ကွဲလွဲမှုတွေရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ သိလိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပထမဆုံးပြော ချင်တာက ဒေါ်အောင်ဆန်း စုကြည်က ကျွန်တော် တို့ရဲ့မြန်မာနိုင်ငံကို လွတ်လပ်ရေး ရအောင်ယူပေးတဲ့ National Hero ရဲ့သမီးတစ်ယောက်ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်ဖြစ်တဲ့အတွက် အစကတည်းက ဂုဏ်ယူ တဲ့စိတ်ရှိနေပါ တယ်။ တပ်မတော် အစိုးရလက်ထက် မှာတော့ နိုင်ငံရေး အပိုင်းတွေမှာ သူနဲ့တပ်မတော်အစိုးရက အုပ်ချုပ်တဲ့ အစိုးရပိုင်းနဲ့က ဆန့်ကျင်ဘက်တွေရှိ ပါတယ်။ ပြောရ မယ်ဆိုရင် နှစ်ပေါင်း၂၀ကျော်လောက်က တစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ကျောခိုင်း ဆန့်ကျင်နေတဲ့ သဘောရှိပါတယ်။ သို့သော်လဲပဲ သူကလဲ ဒီမိုကရေစီကို ဖော်ဆောင် ဖို့ကြိုးစားနေတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ပါတယ်။ အခု ကျွန်တော်တို့က ဒီမိုကရေစီစနစ်ကိုပြောင်းလဲ ဖို့ကျင့်သုံးလိုက်တဲ့ အခါမှာ သူနဲ့ပူးပေါင်းပြီးဆောင်ရွက်နိုင် တဲ့ကိစ္စတွေကို ပူးပေါင်းပြီးဆောင် ရွက်မယ်လို့ ဆုံးဖြတ် လိုက်ပါတယ်။ ဆုံးဖြတ်ပြီးတော့ သူ့ကိုနိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့်ရအောင် ဒါတွေ ကျွန်တော်တို့ဆောင်ရွက်ပေးတယ်။ပေးပြီးတော့မှ သူနဲ့ ကျွန်တော်တို့တွေ့တယ်။ တွေ့ပြီးတော့မှ သူနဲ့ ကျွန်တော်တို့ တူညီတဲ့ အချက်တွေ၊ တူညီတဲ့အချက်တွေဆိုတာ မြန်မာနိုင်ငံကို ခုနကလို ဖွံ့ဖြိုးတိုး တက်အောင်၊ စီးပွားရေးတွေ တိုးတက်အောင်၊ နိုင်ငံရေးတွေ တည်ငြိမ်အောင် ဒီလိုလုပ်မယ့် အချက်တွေ ဘုံတူညီတဲ့အချက်တွေကို လက်တွဲပြီးတော့ လုပ်ကြရအောင် ဆိုပြီးတော့ ညှိကြပြုကြတဲ့ အခါမှာ သူလဲ သဘောတူပါတယ်။ သို့သော်လဲ တစ်ချို့ကွဲပြားခြားနားတဲ့အချက်တွေတော့ရှိမှာပါ။ ဒါတွေကိုတော့ဘေး မှာ အသာဖယ် ထားပြီးတော့ သူနဲ့ခုန ကလို မြန်မာနိုင်ငံ ဘုံအကျိုးစီးပွားဖြစ်တဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး ကိစ္စ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စ ဒီကိစ္စတွေကို အတူတကွ ပူးပေါင်းလက်တွဲလုပ်ဖို့ ဒီလို သဘောတူညီချက်တွေ ရခဲ့ပါတယ်။

ခုနမေးခွန်းထဲမှာ မတူညီတဲ့အချက်တွေ၊ မတူညီတဲ့အချက်တွေ ကတော့ သိပ်အထွေအထူးတော့မရှိပါဘူး။ မတူတာ ကတော့ ကျွန်တော်တို့က နိုင်ငံကို စီးပွားရေးဖွံ့ဖြိုးတိုး တက်အောင်လုပ်ချင်တယ်။ စီးပွားရေးဖွံ့ဖြိုးတိုး တက်အောင် လုပ်ဖို့အတွက် ပိတ်ဆို့တား ဆီးထားတာတွေကို ကျွန်တော်တို့ ကဖြေလျော့ပေးစေချင်တယ်။ လုံးဝ ရုတ်သိမ်းပေးစေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာကိုလှည့်ပြီး ပြောတဲ့တွေ့တဲ့အထဲမှာတော့ ရင်းနှီးမြှုပ်နှံမှုတွေကို ချက်ခြင်းမလာဖို့ စဉ်းစဉ်းစားစားနဲ့လုပ်ဖို့ဆိုတာတွေက ဒီအချက်တွေကတော့ ကွဲပြားခြားနားမှုရှိပါတယ်။ သို့သော်လဲ ဒါတွေကညှိနှိုင်းယူလို့ရတဲ့ကိစ္စတွေဖြစ်ပါတယ်။

CNA - တပ်မတော် ထဲမှာလဲ ပြုပြင်ပြောင်း လဲရေးလို လားတဲ့အဖွဲ့တွေရှိသလို ရှေးရိုးစွဲနေတဲ့ အဖွဲ့အစည်းတွေရှိနေတယ်လို့သိရပါတယ်။ ဒါ့အတူဒေါ်အောင်ဆန်း စုကြည်ဘက်မှာလဲ စံနှုန်းတွေကို အလေးထားတဲ့ သူတွေရှိသလို လက်တွေ့ကျတဲ့ အဖွဲ့အစည်းတွေရှိ ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော် သမ္မတကြီး အကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေးကို လိုလားတယ် ဆိုရင် ဒီလိုသဘောထား မတူတဲ့အဖွဲ့နှစ်ခုကို ထိန်းထိန်း သိမ်းသိမ်းနဲ့ အောင်မြင်စွာဆောင်ရွက်နိုင်ဖို့ သမ္မတကြီးအနေ နဲ့လုပ်နိုင်မလား။ အလားတူပဲ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ သူ့ဘက်အုပ် စုနှစ်စုကို အောင်မြင်စွာ ထိန်းသိမ်းဆောင်ရွက် သွားနိုင်မလား ဆိုတာ သိရှိလိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပထမ ဦးစွာ ဒေါ်အောင်ဆန်း စုကြည်ဘက်မှ ရှေးရိုး စွဲပုဂ္ဂိုလ်တွေလဲ ရှိပါတယ်။ နောက်ပြီးတော့ တိုးတက် တဲ့အမြင်ရှိတဲ့ လူငယ်တွေလဲရှိပါတယ်။ တပ်မတော် ထဲမှာလဲ အလားတူရှိ မှာဖြစ်ပါတယ်။ နောက် ကျွန်တော်တို့ရဲ့အစိုးရ အဖွဲ့ထဲမှာလဲ ရှိမှာဖြစ်ပါတယ်။ ဒီဟာတွေက တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုပေါ်မှာမူတည်တာဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင်လုပ်ပြသွားရင်းနဲ့ ဆန့်ကျင် သဘောထား အမြင်ရှိတဲ့သူတွေ နောက်ကအလိုလိုလိုက် ပါလာမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီလိုပဲယုံကြည်ထားပါတယ်။

CNA - ကုလသမဂ္ဂ အနေနဲ့မြန်မာနိုင်ငံရဲ့အမည်ကို တရားဝင်မြန်မာ လို့ခေါ်ဝေါ်သုံးစွဲနေပါတယ်။ တချို့ကလဲ အရင်ကတည်း ကခေါ်ဝေါ်တာကိုစွဲပြီးတော့ Burmaလို့ ခေါ်ဝေါ်သုံးစွဲတာ ရှိနေသေးပါတယ်။ ဒါနဲ့ပတ်သက်ပြီး သမ္မတကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ကျွန်တော်ရဲ့ အမြင်ပြောမယ်ဆိုရင် ဥပမာ ခင်ဗျားရဲ့နာမည်ရှိပါတယ်။ ခင်ဗျား နာမည်မခေါ်ပဲနဲ့ တခြားနာမည်ခေါ် ရင်စိတ်ထဲဘယ်လိုရှိမလဲ။ ကျွန်တော်တို့လဲဒီအတိုင်းပါပဲ။ မြန်မာနိုင်ငံဆိုပြီး သတ်မှတ်ထားတယ်။ တခြားနာမည်ခေါ်ရင်တော့ စိတ်ထဲမှာတော့မကြိုက်ဘူးပေါ့။ မကောင်းဘူးပေါ့။

CNA - မြန်မာနိုင်ငံက သဘာဝပေါကြယ် ၀တဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ အများကပြောကြတာ ကတော့ မြန်မာနိုင်ငံက သဘာဝ ရင်းမြစ်တွေ ကို တန်ဘိုးမြှင့် ထုတ်လုပ်ရောင်းချတာ သိပ်ပြီးတော့ဆောင်ရွက်ခြင်း မရှိပဲနဲ့ သဘာဝ ရင်းမြစ်လုပ်ငန်း တွေကို ပိုပြီးတော့ ထုတ်လုပ်ရောင်းချနေတာ ကိုတွေ့ရပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ဘယ်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်ပေါ့ ဘယ်နယ် ပယ်၊ ဘယ်ကဏ္ဍကို ပိုပြီးတော့ အလေးပေးဆောင်ရွက်နေလဲ ဆိုတာသိ လိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပထမဆုံး အနေနဲ့ သဘာဝ ဓာတ်ငွေ့တွေကို ကုန်ကြမ်း အတိုင်း ထုတ်ရောင်းနေရတာက ငွေကြေး အခြေအနေကြောင့် ငွေကြေးပြသနာကြောင့် ထုတ်ပြီးတော့ရောင်းနေ ရတာဖြစ်ပါတယ်။ အနာဂတ် မှာသဘာ ၀ဓာတ်ငွေ့တွေကိုသုံးပြီး စက်ရုံအလုပ် ရုံတွေတည်ဆောက်ဖို့ရှိပါတယ်။ ဥပမာ လျှပ်စစ်ထုတ်တဲ့ ဂက်စ်တာဘိုင်တွေ လုပ်ဖို့ရှိတယ်။ ဓာတ်မြေသြဇာ စက်ရုံတွေ၊ ဘိလပ်မြေစက်ရုံတွေ လုပ်ဖို့ရှိတယ်။ Down Stream စက်ရုံတွေ တည်ပြီးတော့ဓာတ် ငွေ့တွေကိုအသုံးချသွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါပထမမေးခွန်းပါ။

စီးပွားရေးမှာ ဘယ်ဝန်ကြီး ဌာနတွေကို ပိုပြီးတော့ အလေးထားသလဲဆိုရင် စီးပွားရေးမှာ ကျွန်တော်တို့ ရည်မှန်းချက်နှစ်ခုရှိပါတယ်။ တစ်ခုကတော့ ကျွန်တော်တို့နိုင်ငံ သူနိုင်ငံ သားတွေ စားရေး၊၀တ်ရေး နဲ့ပတ်သက်လို့ ပြည့်စုံဖူလုံဖို့၊ နောင်တိုးလာမယ့် လူဦးရေအတွက် ပြည့်စုံဖူလုံစွာ စားနိုင်ဖို့အတွက် အထူးသဖြင့် ကျွန်တော်တို့ရဲ့ လယ်ယာကဏ္ဍပါပဲ။ စိုက်ပျိုးရေးနိုင် ငံဖြစ်ခဲ့ပါတယ်။ လယ်ယာ ကဏ္ဍကို ပြုပြင် ပြောင်းလဲပြီးတော့မှ လက်ရှိထွက်ရှိတဲ့နှုန်း ထားတွေနဲ့ ပိုမိုပြီးတော့ ထွက်ရှိအောင်ကြိုး စားပြီးဆောင်ရွက်နေပါတယ်။ ဒါ့ကြောင့်မို့လို့ စိုက်ပျိုးရေး ၀န်ကြီးဌာနကလဲ အရေးကြီးတဲ့ ၀န်ကြီးဌာန တစ်ခုဖြစ်ပါတယ်။ ဒုတိယအချက် ကတော့တိုင်း ပြည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် စက်မှုနိုင်ငံ အဖြစ်ကိုသွားဖို့အတွက် ကျွန်တော်တို့ရည်မှန်းထားပါတယ်။ စက်မှုနိုင်ငံ အဖြစ်သွားဖို့အတွက် လတ်တလော လိုအပ်နေတာက ကျွန်တော်တို့ တိုင်းပြည်မှာ အလုပ်အကိုင်အခွင့် အလမ်းတွေတော်တော်လေး နည်းပါတယ်။ နည်းတဲ့ အတွက်ကြောင့်မို့လို့ အလုပ်အကိုင် အခွင့် အလမ်းတွေများများ ရတဲ့စက်ရုံအလုပ်ရုံတွေ များများ ထူထောင်နိုင်ဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်။

နောက် ဒုတိယအချက်က ကျွန်တော်တို့တိုင်းပြည်မှာ ထွက်ကုန်တွေအများ ကြီးရှိပါတယ်။ ဒီ ထွက်ကုန်တွေက ကုန်ကြမ်းအတိုင်းရောင်းနေ ရတယ်။ ဒီထွက်ကုန်တွေကို Value Added လုပ်ဖို့ အသေးစား၊ အလတ် စားစက်ရုံတွေ ထူထောင်ဖို့အတွက် ဒါကိုကြိုးစားပြီးလုပ်နေပါတယ်။

တတိယ အချက်ကတော့ကျွန်တော် တို့မှာဂက်စ်တွေရှိတယ်။ နောက်တခါသတ္တုတွေ ရှိပါတယ်။ heavy industry လိုဟာ မျိုးထူထောင်ဖို့ စတုတ္ထ အချက်ကတော့ IT နဲ့Telecommunication ကိစ္စတွေထူထောင်ဖို့ ကျွန်တော်တို့ ကကြိုးစားပြီးဆောင်ရွက်နေ ပါတယ်။ စက်မှု ၀န်ကြီးဌာနတို့၊ ဆက်သွယ်ရေး ၀န်ကြီးဌာနတို့ ဒီဝန်ကြီးဌာနတွေ ဟာ အရေးပါတဲ့ဝန်ကြီးဌာနတွေဖြစ်ပါတယ်။

CNA - လက်ရှိအနေ အထား အရမြန်မာနိုင်ငံကို နိုင်ငံခြား အစိုးရတွေ စီးပွားရေ အသိုင်းအ၀ိုင်းတွေ ရင်းနှီးမြှုပ်နှံမှုပြုလုပ် လိုသူများက မြန်မာနိုင်ငံကို အထူးစိတ် ၀င်စားနေကြပါတယ်။ စီးပွားရေးအခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ် နှံမှုအခွင့်အလမ်း တွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတကြီးအနေနဲ့ အမေရိကန်တို့၊ ဥရောပတို့ အာဆီယံတို့ ဘယ်ဒေသကစီးပွားရေး လုပ်ငန်းရှင်တွေ ကိုရွေးရမယ်ဆိုရင် ဘယ်ဒေသက သူတွေကို နိုင်ငံတော် သမ္မတကြီးအနေနဲ့ ဦးစားပေးရွေး မလဲဆိုတာသိရှိလိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - အရှေ့ရယ် အနောက် ရယ်မခွဲခြားပါဘူး။ ကျွန်တော် တို့ရဲ့နိုင်ငံခြားရေးမူဝါဒမှာလဲ အရှေ့ရယ် အနောက်ရယ်မခွဲခြားပဲနဲ့ အားလုံးနဲ့ဆက်ဆံဖို့အတွက် ကျွန်တော်တို့ ဒီလိုမူချ ထားပါတယ်။ တိုင်း ပြည်အတွက် အကျိုး ရှိမယ့် ရင်းနှီးမြှုပ်နှံမှုဆိုရင် ဘယ်နိုင်ငံကိုမဆို ရွေးချယ် သွားမှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု အပိုင်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော် တို့မူဝါဒလေးခု ချမှတ်ထားတာရှိပါတယ်။ တစ်အချက် ကတော့ ကိုယ့်တိုင်းပြည်ရဲ့အကျိုးစီးပွား ကိုမထိခိုက်မနစ် နာစေဖို့ပါ။ ဒုတိယ အချက် ကတော့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကိုမထိခိုက် မနစ်နာစေဖို့ပါ။ တတိယအချက် ကတော့ အချုပ်အခြာ အာဏာကို ၀င်ရောက်ပြီးတော့ စွက်ဖက် တာတွေပေါ့ အချုပ် အခြာအာဏာကို မထိခိုက်စေဖို့ပါ ဒီမူတွေချပေးထား ပါတယ်။ နောက်ဆုံး အချက်ကတော့ ကျွန်တော်တို့ရဲ့သဘာဝ ပတ်ဝန်းကျင်ကို မပျက်ယွင်းစေဖို့ဆိုပြီး ဒီမူဝါဒလေး ရပ်ချမှတ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ကို ဖိတ်ခေါ်နေတာဖြစ်ပါတယ်။

CNA - ခုနသမ္မတကြီးနဲ့ပြောသလိုပါပဲ။ ပူတာအိုဒေသကသဘာဝအခြေခံခရီးသွားလာရေးလုပ်ငန်းလုပ်ဖို့ အင်မတန်မှကောင်း မွန်တဲ့ဒေသဖြစ်ပါတယ်။ ဒါပေမယ့် ကချင်ဒေသက ပဋိပက္ခက မပြီးပြတ်သေးပါဘူး။ ဒါကြောင့်မို့ လို့မြန်မာ နိုင်ငံက ကချင် လူမျိုးတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေး ကဘယ်လောက် အရေးကြီးတယ်။ ဘယ်လိုအခက် အခဲတွေရှိသေးတယ် ဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ အောင်မြင်အော င်ဆောင်ရွက်နေတဲ့ အရာတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့် ဘယ်လောက် ထိခိုက်နိုင်တယ်ဆိုတာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးက ဘယ်လောက် အရေးကြီးတဲ့ကဏ္ဍဖြစ်တယ်ဆိုတာကို သိရှိလိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ကိစ္စက ဦးစားပေး(၁)ဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ဖို့အတွက် ဒီမိုကရေစီ ဆက်လက်ပြီးတော့ ရှင်သန်ဖို့အတွက် ကျွန်တော်တို့ တိုင်းပြည် မှာ နိုင်ငံရေး တည်ငြိမ်ဖို့အတွက်က ပထမအရေးကြီး ပါတယ်။ နိုင်ငံရေးတည်ငြိမ်ဖို့ အတွက်ဆိုတာမှာလဲ ခုနကလို ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံနေတဲ့ အင်အားစုတွေနဲ့ အဆင်ပြေဖို့အတွက် ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် သူ့အင်အားစုတွေဟာ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့အတွက် ဒါအရေးအကြီးဆုံးဖြစ်ပါတယ်။ ဒီအချက်ကိုလဲ ကျွန်တော်တို့ဦးစားပေးပြီး လုပ်ပါတယ်။ တချိန်တည်း တပြိုင်တည်းမှာပဲ လက်နက်ကိုင်ပြီးဆန့်ကျင်နေ တဲ့အဖွဲ့၁၁ ဖွဲ့ရှိပါတယ်။ ဒီအဖွဲ့တွေက လွတ်လပ်ရေး စ ရကတည်းက ဖြစ်ပေါ်လာ တဲ့အဖွဲ့တွေရှိပါတယ်။ အရင်အစိုးရအ ဆက်ဆက်ကလဲ ငြိမ်းချမ်းရေးကို ကြိုးပမ်းခဲ့ပေမယ့်လဲ အောင်မြင်တာရှိတယ်၊ မအောင်မြင် တာရှိတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ အစိုးရသစ် လက်ထက်မှာ ဒီဟာတွေက အမွေခံအနေနဲ့ ရလာတာဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပဲနဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အေင်၊ ဒီမိုကရေစီရှင်သန်အောင် ဘယ်လိုမှ လုပ်လို့မရပါဘူး။ မရတဲ့ အတွက်ကြောင့် ကျွန်တော်တို့ အစိုးရ သစ် စတက်လာလာခြင်း ဒီငြိမ်းချမ်းရေး ကိုတည်ဆောက်ဖို့အတွက် ဦးစားပေး တစ်ရပ်အနေနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ အတွက် ဖိတ်ခေါ်ခဲ့ပါတယ်။ အားလုံး လက်နက်ကိုင်အဖွဲ့၁၁ဖွဲ့ရှိပါတယ်။ ၁၁ဖွဲ့မှာ ၁၀ဖွဲ့နဲ့ပစ်တာ၊ ခတ်တာတိုက် တာ ရပ်ဆိုင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ သို့သော်လဲပဲ နိုင်ငံရေး အရဆွေးနွေးသွားစရာတွေကတော့ ဆက်ပြီးဆွေးနွေး သွားဖို့ရှိပါတယ်။ မြောက်ဘက်ပိုင်း မှာတော့ ကချင် လက်နက်ကိုင်ဆန့်ကျင်ဘက် အဖွဲ့တစ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေ ပါတယ်။လောလော ဆယ်တော့ တစ်နှစ်ကျော်သွားပါပြီ။ ထိတွေ့ဆက်ဆံမှုတွေတော့ ရှိနေတယ်။ သို့သော်လဲ ဒီကနေ့အထိ အောက်ခြေပိုင်း မှာတော့ ပစ်တာ၊ ခတ်တာ၊ တိုက်တာခိုက်တာတွေ ကတော့ ရှိနေတုန်းဖြစ်ပါတယ်။ သို့သော်လဲပဲ ထိတွေ့ ဆက်ဆံမှုတွေရှိနေတဲ့ အတွက်ကြောင့်မို့လို့ ဒီအဖွဲ့ဟာလဲ မကြာခင်မှာ ငြိမ်းချမ်းရေးတည်ဆောက် သွားနိုင်မယ်လို့ ယုံကြည် ထားပါတယ်။

CNA - ကျွန်မတို့ သိရှိထားတာကတော့ နိုင်ငံတော်သမ္မတကြီးက သမ္မတ သက်တမ်း တစ်ကြိမ်ပဲတာဝန် ထမ်းဆောင်မယ် လို့သိရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်သမ္မတကြီးကို ဘယ်လိုမျိုးအနေနဲ့ လူတွေအမြင်မှာ အမှတ် တရရှိနေစေချင်ပါ သလဲ။ ဘယ်လိုမျိုးမှတ်မှတ်သားသားရှိနေစေချင်ပါသလဲ။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - တာဝန် ထမ်းဆောင်တယ်ဆိုတာ ကျွန်တော့်ရဲ့အသက်အရွယ်အရ၊ ကျွန်တော်ရဲ့ကျန်းမာရေး အရ ဒီလိုစဉ်းစား လာတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်မြန်မာနိုင်ငံကို နိုင်ငံရေး အရတည်တည်ငြိမ် ငြိမ်ဖြစ်အောင် လုပ် နိုင်မယ့်လူမျိုးတွေ၊ စီးပွားရေး အရဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ့်မျိုးဆက်မျိုးတွေ၊ ဒီမျိုးဆက်မျိုးက ဆက်ပြီးတော့ တာဝန်ယူသွားစေချင်ပါတယ်။

CNA -
နောက်ဆုံး တစ်ခုမေးချင်ပါတယ်။ မြန်မာနိုင်ငံရဲ့မြောက်ပိုင်းမှာရှိတဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလမ်းတွေတော်တော်များများ ရရှိခဲ့ပါတယ်။ အခုအခါမြန်မာမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဆောင်ရွက် နေတဲ့ အခါမှာတော့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ဆက်ဆံရေးအပေါ် သိရှိလိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - တရုတ်နိုင်ငံက ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း မိုင်ပေါင်း ၁၃၀၀လောက် ထိစပ်နေ တဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပါတယ်။ ရှေးပဝေဏသီ ကတည်းက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်ဆံ လာခဲ့ကြတာဖြစ် ပါတယ်။ ပြောမယ်ဆိုရင်ချစ်ကြည်ရင်းနှီးတဲ့ မိတ်ဆွေ နိုင်ငံတွေလဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀ကျော်လောက်က ကျွန်တော်တို့မြန်မာနိုင်ငံကို အကုန်လုံး ၀ိုင်းဝန်းပြီးပိတ်ဆို့ထားတဲ့အချိန် ဘယ်နိုင်ငံကမှ အကူအညီမပေးတဲ့ အချိန်မှာတရုတ် နိုင်ငံက မြန်မာနိုင်ငံအပေါ်မှာ အကူအညီပေး တာတွေရှိပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက် ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်ပြီးလုပ်နေတာရှိပါတယ်။ တရုတ်နိုင်ငံကပြောရမယ်ဆိုရင် ဒီကနေ့လဲ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့မိတ်ဆွေနိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံသည် ပင်လျှင် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ နိုင်ငံ အားလုံးနဲ့အဆင်ပြေအောင် ဆက်ဆံစေလိုတဲ့ ဆန္ဒရှိပါတယ်။ ဟိုတုန်းကတည်း ကတိုက်တွန်းနေပါတယ်။ အခုအစိုးရ သစ်ပြောင်းလာမှတင် မဟုတ်ပါဘူး။

CNA-
အခုလို သမ္မတကြီးရဲ့ တန်ဖိုးရှိလှတဲ့အချိန်တွေမှာ ကျွန်မတို့ကို စကားပြောဆိုခွင့်ပေးတဲ့အတွက် အထူးပဲကျေးဇူး တင်ပါတယ် ဂုဏ်ယူပါတယ်ရှင်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်- ကျွန်တော်ကလဲ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံကိုလဲ လာလည် ဖို့ဖိတ်ခေါ်ပါတယ်။

CNA ၀မ်းမြောက်ဝမ်းသာနဲ့လက်ခံချင်ပါတယ်။ ဗီဇာရဖို့လဲကူညီပါ ( ရယ်မောပြောသည်)။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - စပယ်ရှယ်ဗီဇာလုပ်ပေးမယ်လို့ (ရယ်မောပြောသည်)။



နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ဟီလာရီကလင်တန်တို့ ကမ္ဘောဒီးယားနိုင်ငံတွင် တွေ့ဆုံမှု

Friday, July 13, 2012










အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ


မင်္ဂလာပါ-

လေးစားအပ်ပါသော အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအတွင်းရေးမှူးချုပ် နှင့်တကွ ကြွရောက်လာကြသော ဧည့်သည်တော်များခင်ဗျား-

ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ပြည်သူများအားလုံး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုများကို ရှင်းလင်း တင်ပြလိုပါတယ်။

ဒီကနေ့ ဒီအချိန်ဟာ ကျွန်တော်တို့မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း အလွန်အရေးကြီးတဲ့ သမိုင်းကြောင်း အလှည့်အပြောင်း အချိန်အခါကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ သန်းပေါင်း(၆၀)ကျော် ရှိတဲ့ နိုင်ငံသားတွေ၊ အမျိုးပေါင်း (၁၀၀)ကျော်တဲ့ ဘာသာစကား၊ ယဉ်ကျေးမှု အသီးသီးနဲ့ တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်လျက်ရှိတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ပထဝီအနေအထားအရ ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယအကြားတည်ရှိနေပါတယ်။ ဒီ့ပြင် အရှေ့တောင် အာရှဒေသမှာ မဟာဗျူဟာမြောက် တည်ရှိပြီး၊ သယံဇာတအရင်းအမြစ်တွေပေါများတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ကမ္ဘာ့နိုင်ငံများအကြားမှာ ဖွံ့ဖြိုးမှု နောက်ကျလျက် ရှိပါတယ်။

ရာစုနှစ် ထက်ဝက်နီးပါး ကြာခဲ့ပြီးမှ ဒီကနေ့ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်ပြီး ညင်သာတဲ့အပြောင်းအလဲနဲ့ နိုင်ငံသစ် တည်ဆောက်ရေးကို ကြိုးပမ်းနေပါတယ်။ စစ်ဘက်အုပ်ချုပ်ရေးစနစ် အောက်မှ ရုန်းထွက်ပြီး၊ လက်နက်ကိုင် ပဋိပက္ခတွေလည်း ချုပ်ငြိမ်းတဲ့၊ ထာဝရငြိမ်းချမ်းရေး ပတ်ဝန်းကျင်မှာ နိုင်ငံဖွံ့ဖြိုး တိုးတက်စေမယ့် ဒီမိုကရေစီ ခေတ်သစ်သို့ ချီတက်နေတဲ့ အထူးအရေးကြီးတဲ့ အချိန် ဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရရဲ့ ပြေပြစ်မျှတတဲ့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်ရေးနဲ့ နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အခက်အခဲ၊ အကျပ်အတည်း အမျိုးမျိုး ကြုံတွေ့ကြရမယ် ဆိုတာကို ကြိုတင် မျှော်မှန်းထားပြီး ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိလည်း စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရတာ အားလုံးအသိဘဲ ဖြစ်ပါတယ်။ အစိုးရသစ် ပေါ်ထွက်လာချိန်မှာ မယုံကြည်နိုင်သော သံသယမျက်လုံးများနဲ့ အကဲခတ် စောင့်ကြည့်ခဲ့ကြသော်လည်းဘဲ အချိန်ကာလ ရှည်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ အစိုးရရဲ့ စစ်မှန်တဲ့ သဘောထား၊ မှန်ကန်ပြီး ပွင့်လင်းမြင်သာတဲ့ ကြိုးပမ်း အားထုတ်မှုတွေကြောင့် ထောက်ခံ အားပေးလာကြပြီ ဖြစ်ပါတယ်။

တစ်ဘက်မှာလည်း စောင့်ကြည့်ဦးမယ် ဆိုတဲ့သူတွေ ရှိသလို၊ ကျွန်တော်တို့ နိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်ထားရှိ ဖိအားပေးဖို့ တိုက်တွန်းနေတဲ့သူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့အစိုးရရဲ့ ပကတိ အခြေအနေမှန်၊ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို စာနာ နားလည်ကြသူ တွေလည်း အများအပြား ရှိနေပါတယ်။

ဧည့်သည်တော်များခင်ဗျား-

အစိုးရသစ် အပြောင်းအလဲဖြစ်လာတာနဲ့အညီ မြန်မာနိုင်ငံသား အားလုံးဟာ အပြောင်းအလဲကို လိုလားလျက်ရှိပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အားလုံးဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့ ပြုပြင်ပြောင်းလဲမှု (၃) ရပ်ကို တစ်ပြိုင်တည်း ဖော်ဆောင်လျက်ရှိ ပါတယ်။

ပထမဆုံးပြုပြင်ပြောင်းလဲမှုကတော့ ရာစုနှစ်ဝက်ခန့် ကျင့်သုံးခဲ့တဲ့ ဗဟိုဦးစီးအုပ်ချုပ်မှု စနစ်အောက်က ရုန်းထွက်ပြီး ရင့်ကျက်ခိုင်မာတဲ့ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရက်တစ် အလေ့အထတွေ ကွယ်ပျောက် နေခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးဘဲ ဖြစ်ပါတယ်။ အခြေခံအဆောက်အဦတွေ အားနည်းခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်၊ လွှတ်တော်အသစ် အပြင်၊ တရားစီရင်ရေးကဏ္ဍ ကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေအုံးမှာဖြစ်ပါတယ်။ ခေတ်သစ်၊ စနစ်သစ် နဲ့ ကိုက်ညီခြင်းမရှိတော့တဲ့ ဥပဒေများကိုလည်း ဖျက်သိမ်းခြင်း၊ ပြင်ဆင်ပြဌာန်းခြင်းတို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီ့ပြင် နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေတဲ့ ဗျူရိုကရေစီစနစ်နဲ့ အစိုးရဝန်ထမ်းတွေရဲ့ စိတ်ထားကိုလည်း ပြုပြင်ပြောင်းလဲ ရမှာ ဖြစ်ပါတယ်။

အားလုံးသိပြီးဖြစ်တဲ့အတိုင်း NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ပြီး မတူညီတာတွေ ဘေးဖယ်ထား၊ တူညီတာတွေ လက်တွဲ လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါ့ပြင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများမှ ခေါင်းဆောင်တွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ စာပေ/စာနယ်ဇင်းသမားတွေ၊ ကဏ္ဍမျိုးစုံမှ လူပေါင်းများစွာနဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေ ပြုလုပ်ပြီး လက်တွဲခေါ်ဆောင်ခဲ့ ပါတယ်။

နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးအတွက် မျှော်မှန်းပြီး ပြန်လွှတ်ပေးခဲ့သလို၊ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာများ ပွင့်လင်းစွာ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ထိန်းချုပ် ကန့်သတ်မှုတွေ ပယ်ဖျက်ပေးခဲ့ပါတယ်။ ပြည်ပရောက် နိုင်ငံသားတွေ ပြန်လာနိုင်အောင် လည်း ဖိတ်ခေါ်ခဲ့ပါတယ်။ စာပေထုတ်ဝေရေး စိစစ်မှုလုပ်ငန်းစဉ်တွေကို အဆင့်ဆင့် လျှော့ချပေးခဲ့ပါတယ်။ မကြာခင်ကာလမှာ လွတ်လပ်ပွင့်လင်းစွာ ဆောင်ရွက်နိုင်တဲ့ မီဒီယာဖြစ်လာအောင် ဥပဒေနဲ့အညီ လုပ်ဆောင်ပေးဖို့လည်း ကတိကဝတ်ပြုထားပြီး ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများကို ဥပဒေနဲ့အညီ ဖွဲ့စည်းခွင့်ပြုခဲ့သလို ဆယ်စုနှစ်ပေါင်းများစွာ ခွင့်ပြုခြင်းမရှိခဲ့တဲ့ အလုပ်သမား အစည်းအရုံး ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့် စတဲ့ အခြေခံလူ့အခွင့်အရေးများ အတွက် ဥပဒေများကို ပြဌာန်းခွင့်ပြု ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒုတိယပြုပြင်ပြောင်းလဲမှုကတော့ စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီ သို့ လို့ ဆိုနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်လို့ မှတ်ယူနိုင်တဲ့ ပဋိပက္ခတွေဟာ ကျွန်တော်တို့ နိုင်ငံလွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်း (၆၀)ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ ဒီပဋိပက္ခတွေကို ပြီးခဲ့တဲ့ တစ်နှစ် အတွင်းမှာ ပုံစံအသစ်၊ ဒိုင်ယာလော့ အစစ်အမှန်နှင့် စေ့စပ် ညှိနှိုင်းခဲ့ရာမှာ ယခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၀) ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေလက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ နောက်ဆုံး ကျန်နေ သေးတဲ့ ကချင်ပြည်နယ်မှ KIO/KIA နဲ့လည်း သဘောတူညီချက် ရရှိနိုင်အောင် စစ်မှန်သော ငြိမ်းချမ်းရေးရလိုမှု ဆန္ဒတွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ မကြာမီ ကာလမှာ အောင်မြင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

တတိယပြုပြင်ပြောင်းလဲမှုကတော့ ဗဟိုဦးစီးစီမံကိန်း စီးပွားရေးစနစ်ကို ဈေးကွက် စီးပွားရေး စရိုက်လက္ခဏာများ ပီပြင်စွာနဲ့ စီးပွားရေး တိုးတက်မှုရရှိလာအောင် ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ မိုက်ခရိုစီးပွားရေး အနေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မဟာဗျူဟာကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ လိုက်လျောညီထွေရှိမယ့် အသေးစား ချေးငွေဆိုင်ရာ ဥပဒေများကိုလည်း ဟန်ချက်ညီ ပြဌာန်းပေးပြီး ဖြစ်ပါတယ်။ မက်ခရိုစီးပွားရေး အဆောက်အအုံ တောင့်တင်း ခိုင်မာစေဖို့အတွက် ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီများကို ရယူပြီး ပြုပြင်ပြောင်းလဲမှုများ မြှင့်တင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အမျိုးမျိုး အဖုံဖုံ ဖြစ်နေတဲ့ ပြည်တွင်းငွေလဲနှုန်းကိုလည်း ပြင်ပဈေးကွက်နဲ့အညီ ဖြစ်ပေါ် လာအောင် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲမှု (၃) ရပ်ကို တစ်ပြိုင်တည်း ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်ရပြီး အောင်မြင်မှုရရှိဖို့ အထူးကြိုးစားရပါတယ်။ ဥပမာအားဖြင့်- လတ်တလောဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့တဲ့ ပြဿနာမျိုးကို ကျွန်တော်တို့ အောင်မြင်အောင် ကြိုးစားထိန်းသိမ်းနိုင်ခဲ့ ပါတယ်။

ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်ရာမှာ ပြည်ပနိုင်ငံအချို့က ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုများကြောင့် ကမ္ဘာ့ဘဏ်၊ IMF၊ ADB နဲ့ UNDP တို့ထံမှ အကူအညီမရနိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ပြည်သူများရဲ့ အကျိုးစီးပွားအတွက် ကမ္ဘာ့နိုင်ငံများထံမှ အတတ် ပညာတွေ သင်ယူပြီး၊ ဒီနိုင်ငံတွေနဲ့ စီးပွားရေးဆက်သွယ်ဆောင်ရွက်ဖို့ ဆန္ဒ ပြင်းပြသော်လည်း ပိတ်ဆို့အရေးယူမှုများက ကန့်သတ်ထားဆဲ၊ အခက်အခဲ ကြုံနေရဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်အောင် ဖိတ်ခေါ်နေသလို ရင်းနှီး မြှုပ်နှံမှုကော်မရှင်ကိုလည်း မူဝါဒ (၄) ရပ်ချမှတ်ပြီး ဆောင်ရွက်စေလျက်ရှိ ပါတယ်။ ဒီမူဝါဒ (၄) ရပ်ကို တင်ပြရမယ် ဆိုရင် (၁) နိုင်ငံသားများ၏ အကျိုး စီးပွားကို မထိခိုက်စေဖို့၊ (၂) နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေဖို့၊ (၃) အချုပ်အခြာအာဏာကို မထိခိုက်စေဖို့နဲ့ (၄) သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက် စေဖို့တို့ဘဲ ဖြစ်ပါတယ်။ ဒီ့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဌာန်းပြီး နိုင်ငံတကာမှာ ကျင့်သုံးတဲ့ စံနှုန်းများနဲ့အညီ ရင်းနှီးမြှုပ်နှံသူများ အကျိုးစီးပွားနဲ့ နိုင်ငံအကျိုးစီးပွားတို့ မျှတစွာခံစားနိုင်ရန် စတင်ဆောင်ရွက်လျက်ရှိပါတယ်။ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ နိုင်ငံရပ်ခြားက ပညာရှင်တွေထံမှ အကြံဉာဏ်များ ရယူဆောင်ရွက်လျက် ရှိပါတယ်။

နိဂုံးချုပ်အနေနဲ့ယနေ့ အာရှရဲ့ဖွံ့ဖြိုးတိုးတက်မှုအခြေအနေဟာ ကမ္ဘာမှာ အရေးပါလာတာကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ အာရှဒေသအဖွဲ့ဝင် နိုင်ငံများအချင်းချင်း အပြန်အလှန်လေးစားမှု၊ အားလုံး လိုက်နာနိုင်မယ့် စည်းကမ်းဥပဒေများ ထားရှိကျင့်သုံးမှုတို့ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံးအနေအထားသို့ တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ ပါရှိလာတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ သဘာဝဘေးအန္တရာယ်ရန်ကို ကာကွယ်ဖို့အတွက် အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အရည်အသွေး ပြည့်မီတဲ့ နည်းပညာများနဲ့ ကျွန်တော်တို့တစ်တွေ ရင်ဆိုင်သွားနိုင်မှာဖြစ် ပါတယ်။ ဒီအခက်အခဲတွေကို အာရှနိုင်ငံများ အချင်းချင်း အပြန်အလှန် အကူအညီပေးပြီး ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုများ ဆောင်ရွက် နိုင်မယ်လို့ ယုံကြည်ပါတယ်။ အာရှဒေသတွင်း ပွင့်လင်း တံခါးဖွင့်ဝါဒ လိုက်နာကျင့်သုံးသွားရင် ကမ္ဘာကြီး ငြိမ်းချမ်း သာယာဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မှာ ဖြစ် တယ် လို့ ခံယူမိပါတယ်။

ကျွန်တော်တို့နိုင်ငံအနေနဲ့ နှစ်ပေါင်း (၆၀) ကျော် အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့ရပါတယ်။ အာရှမှာ မိတ်ဆွေနိုင်ငံအများက အလေးထား အသိအမှတ်ပြုခံရမယ့် ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ရောက်ရှိ လာအောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားပါ့မယ်။ အာဆီယံအဖွဲ့ကြီးရဲ့ RICH ASEAN 2030 အစီအစဉ်မှာ ကျွန်တော်တို့ အစွမ်းကုန် ပူးပေါင်း ပါဝင်သွားမှာ ဖြစ်သလို ကမ္ဘာ့နိုင်ငံ အများစုနဲ့ပါ အပြန်အလှန် နားလည် ယုံကြည်မှု၊ မိတ်ဝတ်မပျက် ဆက်ဆံမှုတို့ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကြုံတွေ့လာရမယ့် စိန်ခေါ်မှုများကို ရင်ဆိုင်သွားမယ်လို့ ကတိပြု ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။



Statement To Be Delivered By H.E. U Thein Sein, President Of The Republic Of The Union Of Myanmar At The U.S-ASEAN Business Forum
Siem Reap, Cambodia – 13 July 2012

Mingalabar….

Honorable Heads of Governments of ASEAN Member States,
Honorable Madame Secretary Hillary Clinton,
Honorable Secretary-General of the ASEAN, and
Distinguished Guests,

I am very delighted to be here today. And I have the pleasure to apprise you on our development endeavors and the democratic reforms process that are being undertaken in Myanmar.

Myanmar regained her independence in 1948 and today, at this very moment, we have reached a turning point in our history. Our country is resided by over 60 million of population with over 100 ethnic nationalities with their own languages and cultures. Geographically, we are situated between two major nations – China and India. In addition, Myanmar is located at a strategic location in Southeast Asia Region with abundant untapped natural resources, however, our country has lagged behind in development compared to other countries in the world.

Today, after nearly half a century, Myanmar has embarked on democratic path in building a new nation through peaceful transition. Myanmar is at a crucial juncture, where she has evolved from the military administration putting an end to armed conflict to achieve sustainable peace and moving toward a new democratic era while endeavoring for the development of the country.

The Government has already anticipated to encounter many difficulties and obstacles in building a new democratic society and a new nation for our people. As such, we are still facing numerous challenges. When the new Government started to assume state responsibilities, many have looked upon us with suspicion and uncertainties. But with the passage of time and because of our transparency and genuine goodwill efforts, we have started to enjoy the support of many nations.

At the same time, there are still others who wish to observe our situation and maintain pressure on our country. But there are also many nations that understand our true situation and actual difficulties and challenges that our government is encountering.

Distinguished guests,

With the establishment of a new Government in Myanmar, the people of Myanmar wish to see true changes in the country. The Government is striving to fulfill the wishes of our people. Therefore, the Government has been simultaneously implementing the three reform measures.

The first reform measure is to walk out from a centralized system that the country had practiced for half a century and eventually build a matured democratic State. Democratic practice has been vanished from our country for many years and building a democratic State will be the biggest challenge for our people and our country. To be able to build a strong democratic foundation, there will be a need to take necessary reform measures in Executive, Legislative and Judiciary bodies. At the same time we are also taking necessary measures to review or revoke existing laws that no longer attend to our new system and this new era. Furthermore, we must also reform the bureaucratic system and the mindset of the Government Officials.

As you are well aware of the fact that we have also met with Daw Aung San Suu Kyi, the leader of the National League for Democracy (NLD) and have invited her to hold discussions openly so that we could set aside our differences and work together based on common grounds. Today, she is a parliamentarian and she is at the Hluttaw. At the same time, we were able to engage also with leaders of ethnic nationalities, political parties, entrepreneurs, civil society and foreign and domestic intelliengencia and those from all walks of life.

With the aim to achieving national reconsolidation, we have granted amnesty to many prisoners. We have also taken necessary measures to relax regulations on media and telecommunications so that our people may have better access and enjoy the facilities openly. We have also invited our expatriates to return to their homeland. We have eased our printing and censorship procedures on a step-by-step basis. We have already committed ourselves to enact a Media Law for media freedom and transparency in the near future.

We have also permitted the formation of political parties, civil societies in accord with the existing laws. We have already enacted necessary laws that would protect the fundamental rights of our citizens such as formation of labor union and to enjoy freedom of assembly and freedom of speech.

The second reform measure that we are undertaking is to achieve a long lasting peace in the country. It has been over sixty years that the conflicts have emerged in our country since Myanmar’s independence. And last year, we launched a new mode of operadi and coordination through a new dialogue enabling to sign ceasefire agreements with the ten ethnic armed groups. With the intention of achieving peace, we have made necessary engagement with the KIO/KIA group from the Kachin State as well.

The third reform measure that we are undertaking is to transform the centralized economy into a market-oriented economy. As part of micro-economy exertion we are implementing rural areas development and poverty alleviation. We have also enacted Micro-finance Act. We have sought necessary assistance from domestic and foreign intelligencia and experts from international organizations for sustainable micro-economic policy. We have also adopted the managed float exchange rate system in our country.

While implementing these three reforms measures in parallel we face numerous challenges like the recent situation in Rakhine State which we were able to successfully calm down and bring to normalcy.

It is regrettable that we do not receive any assistance from international monetary institutions and organizations such as World Bank, IMF, ADB and UNDP in our democratic nation building endevours due to sanctions imposed on Myanmar. And to best serve the interest of our people and our country, we have the fervent desire to seek technical know-how and to set up economic engagement with other countries but the challenge is that sanctions are still restricting us from doing so.

Myanmar is inviting foreign investors to invest in our country. In this context, the Myanmar Investment Commission has also laid down the four principles with regard to foreign investments- namely (a) to protect the interest of Myanmar citizen; (b) to protect the dignity of the State; (3) to protect national sovereignty; and (4) to allow environmental friendly investment. We are preparing to enact Myanmar Foreign Investment Law that will be of international standard. In doing so we are also seeking the advice from international experts. With the enactment of Myanmar Foreign Investment Law, we are hoping to attract more investments that will both serve the interest of our nation and investors.

Conclusion

Excellencies, Distinguished guests,

To conclude, I would like to underscore the growing importance of the development of Asia in the world. We are confident that based on mutual respect among the countries and abiding by rules and procedures that all countries can live up to, we will be able to establish mutually beneficial cooperation. Here, I would like to further underscore that we shall work toward achieving our objectives through green economy so that we will be able to protect our environment and also prevent natural disasters that comes with technical advancement. I believe that if our Asian countries work together we will be able to overcome these obstacles, achieve regional developments and also contribute to the maintenance of world peace, stability and prosperity.

Myanmar has lagged behind in development for the past sixty years. We are resolute to strive our all out efforts to achieve recognition and respect from our friendly nations as a developed democratic state. We would like to reiterate our commitment to actively participate in attaining the ASEAN aims of achieving “Rich ASEAN 2030” and at the same time build mutual understanding with countries of the world based on friendship and cooperation to overcome the challenges that we may encounter.

Thank you.




 
MYANMAR GAZETTE - မီးပြတိုက်