ဝန်ကြီးဌာနအမည်ပြောင်းလဲသတ်မှတ်ခြင်း

Tuesday, September 6, 2011

နေပြည်တော် စက်တင်ဘာ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာအမှတ် ၈၃/၂ဝ၁၁ ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ အမိန့်ကြော်ငြာစာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည် -

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြောငြာစာ

အမှတ်၊ ၈၃/၂ဝ၁၁

၁၃၇၃ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက်

(၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်)

ဝန်ကြီးဌာနအမည် ပြောင်းလဲသတ်မှတ်ခြင်း

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး၏ သဘောတူညီချက် အရ သစ်တောရေးရာ ဝန်ကြီးဌာန (Ministry of Forestry) ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန (Ministry of Environmental Conservation and Forestry)အဖြစ် အမည်ပြောင်းလဲ သတ်မှတ်လိုက်သည်။

(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

0 comments:

 
MYANMAR GAZETTE - မီးပြတိုက်