Showing posts with label နိုင်ငံတော်သမ္မတကြီး၏ သတင်းနှင့် လှုပ်ရှားမှု အချို့. Show all posts
Showing posts with label နိုင်ငံတော်သမ္မတကြီး၏ သတင်းနှင့် လှုပ်ရှားမှု အချို့. Show all posts

သမ္မတကြီးဦးသိန်းစိန် အမေရိကန် ခရီးစဉ် (အစ-အဆုံး)

Monday, October 1, 2012



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပမည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန်  ယနေ့ နံနက် (၉) နာရီတွင် နေပြည်တော်မှ အထူး လေယာဉ်ဖြင့် ထွက်ခွာသွားသည်။


 ဒေသစံတော်ချိန် နံနက် (၁၀) နာရီ (၃၅) မိနစ်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ဂျွန်အက်ဖ် ကနေဒီ  အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။


 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ (၂၅) ရက် ညနေ ( ၆ ) နာရီ (၄၅) မိနစ်တွင် ခေတ္တတည်းခိုသည့် The Mark  ဟိုတယ်  ဧည့်ခန်းမသို့ လာရောက် တွေ့ဆုံ နှုတ်ဆက်သည်။

 

 စက်တင်ဘာ (၂၆) ရက် ညနေ (၃) နာရီတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ် ရှင်နာဝပ်အား ခေတ္တတည်းခိုသည့် နယူးယောက်မြို့ရှိ The Mark ဟိုတယ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

 စက်တင်ဘာ (၂၆) ရက် ညနေ (၄) နာရီတွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဟင်နရီကစ်ဆင်းဂျာအား ခေတ္တတည်းခိုသည့် နယူးယောက်မြို့ရှိ The Mark ဟိုတယ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီကလင်တန်သည် စက်တင်ဘာ ၂၆ ရက် ညနေ ၅ နာရီ မိနစ် ၂၀ တွင် နယူးယောက်မြို့ရှိ The Mark ဟိုတယ်သို့ လာရောက် တွေ့ဆုံသည်။


 စက်တင်ဘာ (၂၆) ရက် ည(၇) နာရီတွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး၌ အဆိုပါ အဖွဲ့ရုံးမှ ဝန်ထမ်းများ၊ ဝါရှင်တန်မြို့ရှိ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများအား တွေ့ဆုံ သြဝါဒစကား ပြောကြားခဲ့သည်။



 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပသည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်း ပြောကြားခဲ့သည်။



 နံနက်(၁၁)နာရီတွင် ကုလသမဂ္ဂ ဌာနချုပ် အဆောက်အဦ နှစ်နိုင်ငံ အစည်းအဝေးခန်းမ၌ ဥရောပကောင်စီ ဥက္ကဌ H.E.Mr. Herman Vn Rompuy နှင့် ဥရောပသမဂ္ဂအဖွဲ့ နိုင်ငံခြားရေးနှင့် လုံခြုံရေးကောင်စီ ကိုယ်စားလှယ် Ms. Cathrine Ashton တို့အား လက်ခံ တွေ့ဆုံသည်။


 နိုင်ငံတော်သမ္မတသည် နယူးယောက်မြို့တွင် ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာအား ဆက်လက် လက်ခံ တွေ့ဆုံခဲ့သည်။
 

စက်တင်ဘာ(၂၇)ရက် ဒေသစံတော်ချိန် ညနေ(၃)နာရီတွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၌ အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီဥက္ကဌနှင့် အမေရိကန် ကုန်သည်ကြီးများ အသင်းမှ အသင်းဝင်များနှင့် တွေ့ဆုံသည်။





 စက်တင်ဘာ(၂၇)ရက် ဒေသစံတော်ချိန် ညနေ(၅)နာရီ မိနစ်(၂၀)တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ Asia Society အသင်းရုံး၌ အဆိုပါအသင်းမှ အသင်းဝင်များအား တွေ့ဆုံအမှာစကား ပြောကြားသည်။



 စက်တင်ဘာ(၂၈)ရက် ဒေသစံတော်ချိန် နံနက်(၉)နာရီတွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၌ ဘီဘီစီ၊ ဗွီအိုအေ၊ ဒီဗွီဘီ၊ အာရ်အက်ဖ်အေနှင့် မြန်မာနေရှင်နယ်တီဗွီ တို့မှ သတင်းထောက်များအား လက်ခံတွေ့ဆုံသည်။



 စက်တင်ဘာ(၂၈)ရက် နံနက်ပိုင်းတွင် နယူးယောက်မြို့ရှိ မက်ထရိုပိုလီတန် အနုပညာပြတိုက် (The Metropolitan Museum of Art) ကိုသွားရောက်ကြည့်ရှုလေ့လာသည်။



စက်တင်ဘာ(၂၈)ရက် ဒေသစံတော်ချိန် ညနေ(၆)နာရီတွင် ခေတ္တတည်းခိုသည့် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ The Mark ဟိုတယ် ဧည့်ခန်းမ၌ မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်းမှ ဥက္ကဌ နှင့်အမှုဆောင်များအား လက်ခံတွေ့ဆုံသည်။


 စက်တင်ဘာ(၂၈)ရက် ဒေသစံတော်ချိန် ညနေ(၆)နာရီ (၄၅)မိနစ်တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ အမေရိကန်ပြည်ထောင်စု သို့ရောက်ရှိနေသည့် မြန်မာမိသားစုများနှင့် တွေ့ဆုံသည်။


စက်တင်ဘာ(၂၉)ရက် ဒေသစံတော်ချိန် နံနက်(၈)နာရီတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းအား နယူးယောက်မြို့ Sutton Place လမ်းရှိ ၄င်း၏နေအိမ်သို့ သွားရောက်တွေ့ဆုံသည်။


  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား BBC World News မှ Mr.Stephen Sackur က  စက်တင်ဘာ(၂၉)ရက် ဒေသစံတော်ချိန် နံနက်(၁၁)နာရီ(၁၅)မိနစ်တွင် ခေတ္တတည်းခိုသည့် The Mark ဟိုတယ် ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံမေးမြန်းသည်။


 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထာင်စု နယူးယောက်မြို့၌ ကျင်းပသည့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ခဲ့ပြီး ယနေ့နံနက် (၉)နာရီ (၅၅)မိနစ်တွင် ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်သို့ အထူးလေယာဉ် ဖြင့် ပြန်လည်ရောက်ရှိသည်။



နိုင်ငံတော်သမ္မတကြီး ဒေါက်တာဦးသိန်းစိန် တရုတ်နိုင်ငံ ခရီးစဉ် (အစ-အဆုံး)

Tuesday, September 25, 2012


 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့တွင် ကျင်းပမည့် နဝမအကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ယနေ့ နံနက် (၇) နာရီတွင် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းအထူးလေယာဉ်ဖြင့် ထွက်ခွာသွားသည်။



နိုင်ငံတော်သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များအား ဒုတိယ သမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးအောင်ကြည်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွန့်နှင့် ဦးလှထွန်း၊ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်အောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ နေပြည်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချူပ်မောင်မောင်အေး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Lu Zhi တို့က နေပြည်တော်လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။



နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ အဖွဲ့ဝင်များအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်၊ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးသူရဦးသောင်းလွင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါသွားကြသည်။


 မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ရောက်ရှိ လာခဲ့ကြရာ ယူနန်ပြည်နယ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ  မိသားစုများက ရင်းရင်းနှီးနှီးကြိုဆို နှုတ်ဆက်ခဲ့ကြသည်။


 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ယူနန်ကွန်မြူနစ် ပါတီအထွေထွေ အတွင်းရေးမှူးနှင့်အဖွဲ့ ဂါရဝပြုတွေ့ဆုံခဲ့သည်။



န၀မအကြိမ်မြောက် အာဆီယံ- တရုတ် ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နန်နင်းမြို့၌ ကျင်းပရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများ ကိုယ်စား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှ ဂုဏ်ထူးဆောင် ဦးဆောင်နိုင်ငံအဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ အဆိုပါ ကုန်စည်ပြပွဲသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယသမ္မတ Mr. Xi Jinping၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Thongsing Thammavong၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Tan Dung၊ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် အကြီးအကဲများ၊ ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး Mr. Ma Biao နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

 


နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ရှီအန်းမြို့မှ ကီလိုမီတာ (၃၀) အကွာလင်ထုံအရပ် အရှေ့ဘက်၊ ကျွင့်တောင်ကုန်း၏  မြောက်ဘက်တောင်စွယ်ရှိ ရှေးဟောင်းစစ်သည်တော်များ၏  ရုပ်တုပြတိုက် (Terra- cotta Museum) သို့သွားရောက် လေ့လာကြသည်။

ရှေးဦးစွာနိုင်ငံတော်သမ္မတအားပြတိုက်အုပ်ချုပ်ရေးမှူး Mr. Cao Wei နှင့် တာဝန်ရှိသူများကကြိုဆိုပြီး ပြတိုက် (၁) အတွင်းရှိ ချင်မင်းဆက်၏ သင်္ချိုင်းဂူ အတွင်းတူးဖော် တွေ့ရှိရသည့် ရှေးဟောင်းစစ်သည် ရုပ်တုများအားလိုက်လံရှင်းလင်း ပြသသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ချင်မင်းဆက် မြင်းက စစ်ရထားပြတိုက် အတွင်းခင်းကျင်းပြသ ထားသည့် ရှေးဟောင်း မြင်းကစစ်ရထားများအား လိုက်လံကြည့်ရှု လေ့လာကြသည်။






ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာလီကျွင်းဟွာနှင့် ရှန်စီးပြည်နယ် နိုင်ငံခြားရေးရုံးမှ တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာ (၁၉) ရက် နံနက်ပိုင်းတွင် ရှီအန်းမြို့မှ ကီလိုမီတာ ၉၀ခန့်အကွာပေါင်ကျီးမြို့ (Boaji City)ရှိ ဗုဒ္ဓလက်ရိုးတော် ဌာပနာတိုက်တည်ရှိရာ ဖာမန်ဘုရားကျောင်းတော်သို့ သွားရောက်ဖူးမြော်ကြည်ညို ကြသည်။






ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် စက်တင်ဘာ (၁၉) ရက် နံနက် (၁၁) နာရီ မိနစ် (၅၀) တွင် ယန်လင်းအဆင့်မြင့် လယ်ယာ စိုက်ပျိုးရေးသပ္ပံမြို့တော်ရှိ ယန်လင်း စိုက်ပျိုးရေးနှင့် သစ်တောတက္ကသိုလ် (Northwest Agriculture & Forest University) သို့ ရောက်ရှိရာ တက္ကသိုလ် ပါမောက္ခချုပ် Mr. Sun Quxin၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများက ကြိုဆိုကြသည်။

ထို့နောက် မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် ယန်လင်းစိုက်ပျိုးရေးနှင့် သစ်တောတက္ကသိုလ်တို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့တက်ရောက်ကြပြီး နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များ ရှေ့မှောက်၌ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်ထွဋ်နှင့် ယန်လင်း စိုက်ပျိုးရေးနှင့် သစ်တောတက္ကသိုလ်ပါမောက္ခချုပ် Mr. Sun Quxin တို့သည် နားလည်မှု စာချွန်လွှာကို လတ်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ကြသည်။

ယင်းနောက် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမဆောင်၌ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပရာ ရှေးဦးစွာ ယန်လင်း စိုက်ပျိုးရေးနှင့် သစ်တော တက္ကသိုလ် ပါမောက္ခချုပ်ကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ယန်လင်း စိုက်ပျိုးရေးနှင့် သစ်တောတက္ကသိုလ် ပါမောက္ခချုပ်က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ချီးမြှင့်ပေးအပ်သည်။





 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် စက်တင်ဘာ (၂၀) ရက် နံနက် (၉) နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရှင်းကျန့်မြို့၏ အထင်ကရဆိပ်ကမ်းဖြစ်သော Yantian International Container Terminal သို့ ရောက်ရှိကြရာ ရှေးဦးစွာ အစည်းအဝေးခန်းမ၌ ကုမ္ပဏီအမှုဆောင်အရာရှိချုပ် Mr. Patrick LAM က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 ထို့နောက် တာဝန်ရှိသူတစ်ဦးက ရှင်းကျန့်မြို့ ဆိပ်ကမ်း စတင်တည်ဆောက်ခဲ့မှု၊ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာမှုနှင့် ဆိပ်ကမ်း၏ လက်ရှိလုပ်ငန်းဆောင်ရွက် နေမှုတို့ကို ရှင်းလင်း တင်ပြသည်။

 ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ရှင်းကျန့် ဆိပ်ကမ်းအတွင်း မော်တော် ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြသည်။







နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ (၂၁) ရက် နံနက် (၉) နာရီတွင် နန်နင်း မြို့ရှိ  Nanning International Convention & Exhibition Centre ၌ ကျင်းပသည့် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် မိန့်ခွန်း ပြောကြားသည်။

အဆိုပါကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာရှီကျင့်ဖျင်၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် သွန်ဆင်းသမာ ဗောင်၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်း၊ မလေးရှား နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဒုတိယဝန်ကြီးချုပ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံ နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊အဆင့်မြင့်အရာရှိကြီးများ၊အာဆီယံ အတွင်းရေး မှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအပါအဝင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတကာသတင်းဌာနများမှ သတင်း ထောက်များ တက်ရောက်ကြသည်။
 နဝမအကြိမ်မြောက် အာဆီယံ- တရုတ် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်းရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ Mr. Xi Jinping၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Thongsing Thammavong ၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Tan Dung နှင့် အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ် အကြီးအကဲများ၊ တရုတ်ပြည်သူ့သမ္မတတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက် ကြသည်။






 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ (၂၁) ရက် မွန်းလွဲ (၃) နာရီတွင် နန်နင်းမြို့ရှိ ကွမ်ရှီးပြည်နယ် ပြည့်သူ့ ကွန်ကရက်ခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများ ရှင်းလင်းခြင်းနှင့် တရုတ်စီးပွားရေး ကုမ္ပဏီကြီးများ၏ အမှုဆောင်အရာရှိ ချုပ်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့သည် စက်တင်ဘာ (၂၁) ရက် ညနေ (၄) နာရီ (၂၅) မိနစ်တွင် နန်းနင်းမြို့ရှိ လိယွမ် ဧည့်ဂေဟာ International Conference Centre (ICC) ၌ တွေ့ဆုံဆွေးနွေးကြသည်။





ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွန်မြူနစ်ပါတီ ကော်မတီအတွင်းရေးမှူး Mr. Guo Shengkun နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး Mr. Ma Biao နှင့် အဖွဲ့ဝင် များအား စက်တင်ဘာ (၂၁) ရက် မွန်းလွဲ (၂) နာရီတွင် နန်နင်းမြို့ လိယွမ် ဧည့်ဂေဟာ၌ လက်ခံတွေ့ဆုံသည်။






ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင် ကျင်းပသည့် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ပြီး ယနေ့နံနက် (၁၁) နာရီမိနစ် (၄၀) တွင် နန်နင်းမြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။





 
MYANMAR GAZETTE - မီးပြတိုက်