အာဏာလိုချင်လို့ သမ္မတရာထူး ရယူခဲ့တာ မဟုတ်ပါဘူး။
ဦးသိန်းစိန်
Time မဂ္ဂဇင်း ဆောင်းပါး
ဧရာဝတီမြစ်ဝကျွန်းပေါ် အစွန်အဖျားမှာရှိတဲ့ ကျုံကူးရွာ လေးက ထွက်ပေါ်လာတဲ့ စည်းချက်တွေဟာ ရာစုနှစ် နောက်တစ်ခုဆီကနေ ပဲ့တင် ရိုက်ခတ်နေပါတယ်။ နွားတွေ ကျွဲတွေဟာ စပါးစိုက်လယ်ကွင်းတွေထဲမှာ ကျက်စားလို့၊ ထမီတိုတိုဝတ်ထားကြတဲ့ အမျိုးသမီးကြီးတွေ ဟာ ဆေးတံတွေခဲလို့၊ ငှက်ဖျားရောဂါ ဖြစ်စေနိုင်တဲ့ ခြင်တွေကို မောင်း ထုတ်လို့နေရပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်များက မြန်မာနိုင်ငံရဲ့ သက်တမ်း ရှည်စစ်အစိုးရနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ကရင်တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ဟာ တောတောင်ထဲမှာ စိုးမိုး ထားခဲ့ပါတယ်။ ဒီကနေ့မှာတော့ ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ သူတို့ရဲ့လက်နက်တွေကို စွန့်လွှတ် ခဲ့ပါပြီ။ နေဝင်ချိန်နောက်ပိုင်းမှာ ဆင်ရိုင်းကြီးတွေ သွား လာနေကြပြီး မကြာခဏဆိုသလို ဒေါတကြီး ရန်မူ တတ်ကြတာကို ရွာသူရွာသားတွေ တွေ့ကြုံရပါတယ်။
အသက်(၆၇)နှစ် ရှိပြီဖြစ်တဲ့ သမ္မတကြီးဦးသိန်းစိန် မွေး ဖွား ကြီးပြင်းလာခဲ့တဲ့ ကျုံကူးရွာကလေးက သစ်သား အိမ်ကလေး တည်ရှိနေတုန်း ဖြစ်ပါတယ်။ သမ္မတ ဦး သိန်းစိန်ရဲ့ ဖခင်ဖြစ်သူဟာ ဖျာတွေယက်ပြီး သင်္ဘော ဆိပ်မှာ အလုပ်လုပ်ခဲ့ပါတယ်။ မြန်မာလူမျိုး သုံးပုံတစ်ပုံ ပါဝင်နေဆဲဖြစ်တဲ့ ဆင်းရဲနွမ်းပါးသူတွေလိုပဲ သမ္မတ မိသားစုဟာ ဆင်းရဲကြပါတယ်။ ကော လိပ်ကျောင်း တွေ တက်နိုင်ဖို့ဆိုတာကတော့ ဝေလာဝေးပါပဲ။
ဒါပေမယ့်လည်း ဦးသိန်းစိန်ဟာ စစ်ဆေးမှုတွေ အောင်မြင်ပြီး ၁၉၆၅ ခုနှစ်မှာ စစ်တက္ကသိုလ် တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ ဒီနောက်မှာတော စစ်မှုထမ်းအဖြစ် ၄၅ နှစ် ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ နံပတ်(၄)စစ်ခေါင်းဆောင်အဖြစ်မှ အငြိမ်းစားယူချိန်မှာ စစ်ဘက်တာဝန်ထမ်းဆောင်မှု အဆုံးသတ်ခဲ့ပါ တယ်။ ဒီနောက်တော့ ၂၀၁၁ ခုနှစ် မတ်လမှာ အရပ်သားသမ္မတအဖြစ် အာဏာလွှဲပြောင်းရယူခဲ့ပါတယ်။
ဒီအချိန်မှာ မြန်မာနိုင်ငံလို့ သိရှိလာကြတဲ့ အထီးကျန်နိုင်ငံ ဘားမားဆိုတဲ့နိုင်ငံဟာ စစ်အာဏာရှင်နဲ့ ဒီမိုကရေစီအုပ်ချုပ်ရေး အကြား ကူးပြောင်းရေးလမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီ ဖြစ်ပြီးတော့ ဒီဧရာဝတီမြစ်ဝကျွန်းပေါ်ဇာတိသားကလေး ဟာ ဒီအပြောင်းအလဲကို ဦးဆောင်နေပြီ ဖြစ်ပါတယ်။
ကျုံကူးရွာကလေးဟာ သမ္မတကြီးနေထိုင်တဲ့ မြန်မာနိုင်ငံရဲ့ မြို့တော် အသစ် နေပြည်တော်ကနေ တစ်ကမ္ဘာ လောက်ခြားနေပါတယ်။ ၂၀၀၅ ခုနှစ်မှ စတင်သိရှိလာခဲ့ကြတဲ့ နေပြည်တော်ဟာ လက်ရှိစစ်ဗိုလ်ချုပ်ကြီးတွေ စိတ် ကြိုက်ရွေးချယ်ထားတဲ့ နေရာ ဖြစ်ပြီးတော့ ရှစ်လမ်းသွားလမ်းမကြီးတွေ၊ အဆောက်အဦသစ်ကြီးတွေနဲ့ ပြည့်နှက်နေပါတယ်။
သမ္မတအိမ်တော်ဟာ ပြင်သစ်နိုင်ငံမှာရှိတဲ့ ဗာဆိုင်းနန်းတော်က ပိသုကာလက်ရာတွေကို ပုံစံယူတည် ဆောက်ထားတာမျိုး ဖြစ်ပေမယ့် (အမေရိကန်နိုင်ငံ နယူးဂျာစီမြောက်ပိုင်းအကြောင်း ဇာတ်လမ်းရိုက်ကူးထားသော The Real Housewives of New Jersey ဟု တင်စားထားပါသည်) အမေရိကန်ယဉ်ကျေးမှုပုံစံမျိုး ရောထွေးပါဝင်နေ တယ်လို့ ထင်ရပါတယ်။ နိုင်ငံ့အကြီးအကဲသုံးဦး သက်တောင့်သက်သာ ထိုင်နိုင်တဲ့ အနေအထားရှိတဲ့ ရွှေရောင် (ဆက်တီ) ထိုင်ခုံကြီးမှာ ထိုင်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ ဝန်ကြီးတွေ၊ တက်ရောက်သူတွေ ပြည့်နေတဲ့ ခန်းမကြီးနဲ့ စောင့်ကြိုနေတဲ့ အကြီးအကဲမျိုး မဟုတ်ပါဘူး။
သမ္မတဦးသိန်းစိန်ကို ကြည့်ရတာ နေ့လည်စာစားပြီးစ နူးညံ့ အေး ဆေးပြီး တည်ငြိမ်လှတဲ့ ပုံစံမျိုးပါ။ တစ်ခြားကိစ္စအကြောင်းအရာတွေ မပြောခင် သမ္မတဦးသိန်းစိန်က ဒီလိုမျိုး သမ္မတ ဖြစ်လာမယ်လို့ ကျွန်တော် ဘယ်တုန်းကမှ အိပ်မက် မမက်ခဲ့ဘူးလို့ ဝန်ခံရမှာပါ လို့ ကျွန်မကို ပြောပြခဲ့ပါတယ်။ “သမ္မတ လုပ်ဖို့ အရည်အချင်းမီတဲ့ တစ်ခြားလူတွေ ရှိနေပါတယ်” ၊ သမ္မတကြီးက လည်ချောင်းဟန့်ပြီး ပြောပါတယ်။ သမ္မတကြီးဟာ အမိန့်နာခံတတ်သူလို့သာ လူသိများတဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦး ဖြစ်ပါတယ်။
သေးသွယ်တဲ့ သမ္မတကြီးရဲ့ ပုခုံးထက်မှာ မြန်မာနိုင်ငံရဲ့ အနာဂတ် တည်ရှိနေပါတယ်။ ဒါ့ကြောင့် သန်း(၆၀) နီးပါး လူဦးရေရှိတဲ့ ဒီနိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ပြီးတော့ အခြားသော ဒီမိုကရေစီနိုင်ငံသစ်တွေအတွက် စံနမူနာယူစ ရာမော်ဒယ်တစ်ခု ဖြစ်လာဖို့ ကမ္ဘာကြီးက မျှော်လင့်ထား ကြပါတယ်။
ပေါက်ကွဲတော်လှန်အုံကြွခဲ့တဲ့ အာရပ်နွေဦးနဲ့ နှိုင်းယှဉ်ကြည့်ရင် မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီ ကူးပြောင်းမှု ဟာ အဆများစွာ ပိုမိုအေးချမ်းတည်ငြိမ်တဲ့ အတွက် အားလုံးကို ပိုပြီး အံ့အားသင့်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၂)နှစ်လောက် က မြန်မာနိုင်ငံဟာ ပြည်သူတွေကို နှိပ်စက်ညှင်းပမ်းမှုတွေ ပြုလုပ်တဲ့ အာဏာရှင်အစိုးရကြောင့် အမေရိကန်အစိုးရက အာဏာရှင်စစ်ခန်းတစ်ခုလို့ သတ်မှတ်ထားတဲ့အထ် ကမ္ဘာ့အမည်ဆိုးစာရင်းဝင်နိုင်ငံတစ်နိုင်အဖြစ် ရှိခဲ့ပါတယ်။ ဒါပေ မယ့်လည်း ယနေ့ မြန်မာနိုင်ငံကို လွတ်လပ်ပွင့်လင်းလာအောင် အစပြု လုပ်ဆောင်ပေးခဲ့တာက အဲဒီစစ်အစိုးရထဲက အဖွဲ့ဝင်တွေပဲ ဖြစ်နေပါတယ်။
အခုတစ်ကြိမ်မှာတော့ နိုင်ငံရေးအပြောင်းအလဲတွေဟာ လမ်းမတွေပေါ်မှာ အမျက် ဒေါသတွေနဲ့ ထုတ်ဖော်မှုတွေက မဟုတ်ဘဲ အာဏာပိုင်တွေ ဆီက ဖြစ်ပေါ်လာခဲ့တာပါ။ “ကျွန်တော်တို့ဟာ စစ်ဘက်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီအစိုးရ၊ လက်နက်ကိုင်ပဋိပက္ခတွေကနေ ငြိမ်းချမ်းရေး၊ ဗဟိုဦးစီးစီးပွားရေးစနစ် ကနေ ဈေးကွက်စီးပွားရေးစနစ်သစ များပြားလှတဲ့ အသွင်ကူးပြောင်းရေးကာလ အလယ်မှာ ရောက်ရှိနေပါတယ်” လို့ သမ္မတကြီးက တိုင်းမ်မဂ္ဂဇင်းကို ပြောပါတယ်။ ဒီလို ရွှေ့ပြောင်းမှုတစ်ခုတစ်ခုဆီကို ဆယ်စုနှစ်နဲ့ချီပြီး အချိန်ယူရလေ့ ရှိပါတယ်။ မြန်မာနိုင်ငံကတော့ ဒီအကူးအပြောင်း သုံးမျိုးစလုံးကို တစ်ချိန်တည်း ပြောင်းလဲနိုင်ဖို့ ကြိုးစားနေပြီ ဖြစ်ပါ တယ်။
ရာစုနှစ်တစ်ဝက်နီးပါး တပ်မတော်အစိုးရဟာ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ပြီး မြန်မာ့စီးပွားရေးကို ဂျုံးဂျုံးကျစေခဲ့ ပါတယ်။ တိုင်းရင်းသားနယ်မြေတွေမှာ အဓမ္မပြုကျင့်မှုကို လက်နက်သဖွယ် အသုံးပြုခဲ့ကြပြီးတော့ ကလေးသူငယ် တွေကို အဓမ္မခိုင်းစေခဲ့ကြပါတယ်။
စစ်တပ်ဟာ ဒီမိုကရေစီရေးထောက်ခံ ဆန္ဒပြသူတွေကို သေနတ်ပြောင်းတွေ လှည့်ခဲ့ကြပါတယ်။ သိပ်မကြာလှသေးတဲ့ ၂၀၀၇ ခုနှစ်မှာဆိုရင် ဗုဒ္ဓဘာသာဘုန်းကြီးတွေ တစ်ဒါဇင်ကျော် သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။ (မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ အများစုနေထိုင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။)
လူသိနည်းလှတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်တဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီးတွေက စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဖော်ဆောင်ရေး အဆင့် တစ်ဆင့်အနေနဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ထုတ်ပြန်ကြေညာတဲ့အချိန်မှာ ကမ္ဘာကြီးက မယုံ ကြည်ခဲ့ပါဘူး။
ခန့်မှန်းထားခဲ့သလိုပါဘဲ မဲရေတွက်မှုတွေမှာ လိမ်ညာမှုတွေ ရှိခဲ့ပြီး စစ်တပ်ထောက်ခံတဲ့ ပါတီဟာ အနိုင်ရရှိခဲ့ပါတယ်။ အခြားသော စစ်အစိုးရအဖွဲ့ဝင်တွေထဲက ပိုပြီးတင်းမာတယ်လို့ ထင်ရတဲ့သူတွေကို ကျော်လွန်ပြီး ဦးသိန်းစိန်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့ကြပါတယ်။
ဦးသိန်းစိန်ဟာ ဦးသန်းရွှေရဲ့ ညာလက်ရုံးသဖွယ် တာဝန်ထမ်း ဆောင်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ရုပ်သေးရုပ်အဖြစ် ဝေဖန်ပြစ်တင်မှုတွေ ခံခဲ့ရပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကမ္ဘာကြီးက ရှုမြင်ထားတဲ့ ရုပ်သေးရုပ်ဟာ ကိုယ်ပိုင်ဘဝတစ်ခုကို အထင်အရှား ရယူခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ တရုတ်နိုင်ငံရဲ့ အာဏာရှင်ပုံစံ ဖွံ့ဖြိုးတိုး တက်ရေးသဘောတရားနဲ့ အနောက်အုပ်စုပုံစံ ဒီမိုကရေစီအုပ်ချုပ်ရေးသဘောတရား(၂)ခုအကြားမှာ နောက်ဆုံး ထွက်ပေါ်လာခဲ့တဲ့ အိုင်ဒီယိုလော်ဂျီတိုက်ပွဲမှာ မဟာဗျူဟာအရ အရေးပါတဲ့ နိုင်ငံအဖြစ်ကို ရယူလာနိုင်ခဲ့ပါတယ်။ ဦးသိန်းစိန်ကို သမ္မတအဖြစ် ရွေးချယ်လိုက်တဲ့အချိန်မှာ ဘယ်အုပ်စုကမှ မကျေမနပ် မေးခွန်းထုတ်တာမျိုးတွေ မရှိခဲ့ ပါဘူး။
“ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမငတွေ ဆောင်ရွက်တဲ့အခါမှာ ဒီမိုကရေစီဖော်ဆောင်ရေးရပ်တည်ချက်တွေ ပိုမိုပြီး ခိုင်မာသည်ထက် ခိုင်မာလာခဲ့ပါတယ်၊ ဒီမိုကရေစီ မရှိဘဲ မြန်မာ့စီးပွားရေးတိုးတက်အောင် လုပ်နိုင်မှာမဟုတ် ဘူး လို့ ကျွန်တော် ယုံကြည်ထားပါတယ်။” လို့ သမ္မတကြီးက ပြောခဲ့ပါတယ်။ ဒီအချက်ကို ပြောတဲ့အခါမှာ သမ္မတ ဦးသိန်းစိန်ဟာ ဒီမိုကရေစီဆိုတဲ့စကားလုံးကို အင်္ဂလိပ်လို ထပ်ခါတလဲလဲ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဝေဖန်ချက် အမျိုးမျိုး
သိပ်မကြာသေးတဲ့ကာလမှာတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလှုပ်ရှား သူတွေဟာ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်ခဲ့ရပါတယ်။ ဒီအချိန်မှာတော့ လွတ်လပ်စွာပြောဆိုခွင့်တွေ၊ လွတ်လပ်စွာစုဝေးခွင့်တွေလိုမျိုး အခြေခံ အခွင့်အရေး တွေ၊ အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့်တွေ ရရှိခံစားလာခဲ့ပါပြီ။
သြဂုတ်လအတွင်းမှာ သမ္မတဦးသိန်းစိန်ဟာ ကက်ဘိ နက်ထဲက သဘောထားတင်းမာသူတွေကို ဖယ်ရှားခဲ့ပြီးတော့ နိုဝင်ဘာလမှာတော့ တစ်ချိန်က အမေရိကန်ကျူးကျော် ဝင်ရောက်မှာကို စိုးရိမ်တကြီး ဖြစ်ခဲ့တဲ့ အမေရိကန်ကြောက်ရောဂါရ နိုင်ငံတစ်နိုင်ငံမှာ သမ္မတအိုဘားမား အလာကို ကြိုဆိုခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနီးပါးနဲ့ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် တွေ ရေးထိုးနိုင်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလည်း ထောင်ချီပြီး အကျဉ်းထောင်တွေက ပြန်လွတ်လာခဲ့ကြပါပြီ။ စာနယ်ဇင်းဆင်ဆာလုပ်တာတွေ အကုန်လုံး မရှိသလောက်အထိ ဖြစ်နေပါပြီ။
၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံရဲ့ အထင်ရှား ဆုံးနိုင်ငံသား တစ်ယောက်ဖြစ် တဲ့ ငြိမ်းချမ်းရေးနိုဗယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပေမယ့် စစ်အစိုး ရက လျစ်လျူရှုခြင်းခံခဲ့ရတဲ့ NLD ပါတီက ပါတီဝင် ၄၂ ဦးနဲ့အတူ လွှတ်တော်အမတ်တွေအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါ တယ်။
၂၀၁၀ ခုနှစ် နှောင်းပိုင်းအထိ ဒီမိုကရေစီခေါင်းဆောင်ဟာ နေအိမ် အကျယ်ချုပ်အဖြစ်နဲ့ပဲ ရှိနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ပေါင်း(၂၀)ကျော် မှာလည်း ပြန်လွှတ်ပေးဖို့ တစ်ကမ္ဘာလုံးက တောင်းဆိုခဲ့ကြတာကိုလည်း ဗိုလ်ချုပ်ကြီး တွေက ဂရုမစိုက်ခဲ့ကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်ကို ထည့်သွင်းပြောကြားခြင်း မပြုဖို့လည်း ဗိုလ်ချုပ် မှူးကြီးသန်းရွှေက တားမြစ်ပိတ်ပင်ခဲ့တယ်လို့ သိရှိရပါတယ်။
သမ္မတအသစ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ညစာတည်ခင်း ဧည့်ခံခဲ့ ပါတယ်။ Lady အဖြစ် မြန်မာနိုင်ငံမှာ သိရှိထား ကြ တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ရဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲ ဝင်ခြင်းရဲ့ သင်္ကေတအဖြစ် တည်တံ့လျက် ရှိနေချိန်မှာ အံ့သြစရာ ဖြစ်စေခဲ့ တာတော့ ဆန္ဒမပါဘဲ သမ္မတဖြစ်လာတဲ့ ဦးသိန်းစိန်ပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတိုးတက်ပြောင်းလဲမှုကတော့ အပြီးမသတ်သေးပါဘူး။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်ဘက်ကျောထောက်နောက်ခံရှိတဲ့သူတွေ အခိုင်အမာနေရာ ရရှိစေပြီး မြန်မာနိုင်ငံမှာ ဦးသိန်းစိန်ထက် ပိုမိုပြီး လူထုချစ်ခင်မှုရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မရအောင် ပိတ်ပင်ထားပါတယ်။
နိုင်ငံတကာပိတ်ဆို့မှုတွေ ရုပ်သိမ်းသွားဖွယ် ရှိနေပေမယ့်လည်း မြန် မာနိုင်ငံသားအတော်များများကတော့ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘဝတွေမှာ ရှိနေဆဲပါ။ အကျင့်ပျက်မှုတွေက ကူးစက်ရောဂါ ဖြစ်နေပြီး နိုဝင် ဘာလအတွင်းက လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေဟာ တရုတ်နိုင်ငံ ရင်းနှီးမြုပ်နှံ မှုဖြစ်တဲ့ ကြေးနီသတ္တုတွင်းတစ်ခုကို ဆန္ဒပြနေတဲ့ ဗုဒ္ဓဘာသာဘုန်း ကြီးတွေကို တိုက်ခိုက်ခဲ့ပါတယ်။
လူမျိုးရေးတင်းမာမှုတွေ ဆက်လက်မြင့်တက်နေပြီး မြောက်ပိုင်းရှိ ကချင်ပြည်နယ်နဲ့ အနောက်ပိုင်း ရခိုင်ပြည်နယ်တွေမှာ ရာနဲ့ချီပြီး သေဆုံးနေရ ပါတယ်။ ဒီပြဿနာ(၂)ရပ်စလုံးအပေါ် သမ္မတဦးသိန်းစိန် ရဲ့ တုံ့ပြန်ဖြေရှင်းဆောင်ရွက်မှုဟာ အနည်းငယ်တော့ ပြင်းထန်ခဲ့ပါတယ်။
သမ္မတအနေနဲ့ အစောပိုင်းမှာ အပစ် အခတ်ရပ်စဲဖို့ ကမ်းလှမ်းထား ခဲ့သော်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ မြန်မာ့တပ်မတော်ဟာ ကချင်သောင်းကျန်း သူတွေကို လေကြောင်းတိုက်ခိုက်မှု ဆင်နွှဲခဲ့ပြီး စစ်တပ်ဟာ သမ္မတရဲ့ အမိန့်ကို လိုက်နာနိုင်ခြင်း ရှိ-မရှိအပေါ် စိုးရိမ် စရာတွေ ဖြစ်လာခဲ့ပါတယ်။ ကျွန်မနဲ့ တွေ့ဆုံမေးမြန်းရာမှာ ဒုက္ခသည်စခန်းတွေမှာ လူပေါင်း တစ်သိန်းကျော် ရောက် ရှိစေခဲ့တဲ့ ရခိုင်ပြည်နယ်အကြမ်းဖက်မှုတွေအကြောင်း မေးမြန်းချိန် တစ်ခုမှာပဲ သမ္မတကြီးဟာ စိတ်မရှည်ဟန် ပေါက်ခဲ့ပါတယ်။ နောက်မေးခွန်း ဆိုပြီး သမ္မတကြီးက ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး စမ်းသပ်မှုကတော့ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ မျှော်မှန်းထားကြတဲ့ ၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ်လာမှာ ဖြစ် ပါတယ်။ ဒီမိုကရေစီဖော်ဆောင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်း ကဏ္ဍနဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန်က ချီးကျူးအမွှမ်းတင်ထားပေမယ့် တစ်ကယ်လို့သာ NLD ပါတီဟာ စစ်ဘက်ကျော ထောက်နောက်ခံပါတီကို အနိုင်ယူခဲ့မယ် ဆိုရင် သမ္မတဦးသိန်းစိန်အစိုးရက ဘယ်လိုတုံ့ပြန်လာမှာလဲ။
အစိုးရဟာ ရွေးကောက်ပွဲ နောက်တစ်ကြိမ် လုပ်ဦးမှာလား။
ပိုပြီး စိုးရိမ်ဖို့ကောင်းတာကတော့ မကျေနပ်တဲ့ ထိပ်တန်း စစ်ခေါင်းဆောင်တွေက ယူနီးဖောင်ဝတ်တွေကို ပထမဆုံး အကြိမ် အာဏာရယူစေခဲ့တဲ့ ၁၉၆၂ ခုနှစ်ကလို နောက်ထပ် အာ ဏာသိမ်းမှုတစ်ခု လုပ်လာနိုင်မလား ဆိုတာပဲ ဖြစ်ပါတယ်။ (နေအိမ်အကျယ်ချုပ်နဲ့ပဲ သေဆုံးခဲ့ရတဲ့ ပြီးခဲ့တဲ့ စစ်ခေါင်းဆောင်တစ်ဦးလို)
အငြိမ်းစားယူပြီး ထိန်းသိမ်းခြင်း မခံရစေဖို့အတွက် ယခု အသက်(၈၀)ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ် မှူးကြီးသန်းရွှေဟာ သမ္မတဦးသိန်းစိန်နဲ့ သဘောတူညီချက် တစ်ခု ကောင်းကောင်း ရှိထားဖွယ်ရာ ရှိပါတယ်။ ဒါပေ မယ့်လည်း အခွင့်အာဏာ ယုတ်လျော့သွားခဲ့ရတဲ့အပေါ် အခြားသော စစ်ဘက်အရာရှိတွေ ဘယ်လိုဘယ်ပုံ ခံစားနေ ကြရတယ် ဆိုတာကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။
“လက်ရှိအချိန်မှာတော့ ပြုပြင်ပြောင်းလဲရေးသမားတွေအနေ နဲ့ ပြုပြင်ပြောင်းလဲလိုစိတ် ပြင်းပြလာနိုင်တဲ့ အခြေအနေတစ်ခု ကျွန်တော်တို့ ဖန်တီးပေးရမှာပါ” လို့ ပြီးခဲ့တဲ့နှစ် အတွင်းက မြန်မာနိုင်ငံကို ပြန်ရောက် လာခဲ့တဲ့ ကျောင်းသားဟောင်း တစ်ဦး ဖြစ်တဲ့ မင်းဇော်ဦးက ပြောပါတယ်။ သမ္မတဦးသိန်းစိန်က ဒါကို လက်ခံထားပါတယ်။
“ဒီကနေ့ မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ အလှည့်အပြောင်း ကာလ ရောက်ရှိနေပြီ ဆိုတာကို သိရှိထားတဲ့အတွက် သမ္မတတာဝန်ကို ကျွန်တော် လက်ခံရယူခဲ့ပါတယ်။ အာဏာလိုချင်လို့ သမ္မတရာထူး ရယူခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော့်နိုင်ငံက ပြည်သူတွေအတွက် ပိုပြီးကောင်းမွန်တဲ့ လူမှုဘဝကို ဆောင်ကြဉ်းပေးဖို့ သမ္မတရာထူး ရယူခဲ့တာပါ။” လို့ သမ္မတကြီးက ပြောကြားခဲ့ပါတယ်။
ဓါတ်ပုံတွေထဲမှာတော့ ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ ဟောလိဝုဒ်ရုပ်ရှင်ထဲက အာဏာရှင်နိုင်ငံ တစ်နိုင်ငံရဲ့ ထိပ်သီးတစ်ယောက်ပုံစံမျိုး ရင်ဘတ်မှာဆုတံဆိပ်တွေချိတ်ဆွဲလို့ စစ်ယူနီဖောင်းမှာ ဖဲကြိုးတွေချိတ်ဆွဲလို့ ဆိုတာမျိုး ထင်မြင်ရပါတယ်။
အမေရိကန်သံတမန်တွေက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သစ္စာရှိလူယုံတော် အရာရှိတစ်ဦးအဖြစ် သာ ပုံဖော်ခဲ့ကြပါတယ်။ “သမ္မတဦးသိန်းစိန်ဟာ ဒီလောက်မြန်မြန်ဆန်ဆန်ကြီး အပြောင်းအလဲတွေ ဆောင်ရွက်မယ် လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထင်ထားမယ် မထင်ဘူး။ တစ်ကယ်ကို ကျွန်တော်တို့အားလုံး သိပ်ကို အံ့သြခဲ့ကြရပါ တယ်” လို့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ မြန်မာနိုင်ငံကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဌ ဖြစ်တဲ့ ဦးလှမောင်ရွှေ က ပြောပါတယ်။
အပြောင်းအလဲ ဖန်တီးရှင်
စစ်အစိုးရ နံပတ်(၄)ဗိုလ်ချုပ်ကြီးရဲ့ အသွင်ကူးပြောင်းရေးကို ဘာတွေက ထင်ရှားလာစေခဲ့ပါသလဲ။ အကြောင်းပြချက်တစ်ခုကတော့ သစ္စာရှိ စစ်သည်တော်တစ်ဦးဖြစ်တဲ့ ဦးသိန်းစိန်ဟာ အမိန့်နာခံဖို့ လေ့ကျင်ပေးခဲ့ပေ မယ့်လည်း အာဏာ လက်ဝယ်ရရှိလာခဲ့ရခြင်းက သူရဲ့စိတ်ဓါတ် သန့်ရှင်းစင်ကြယ်မှု၊ အပြစ်ဆိုစရာနည်းပါးမှုကြောင့် လို့ ဆိုပါတယ်။ တစ်ခြားစစ်အစိုးရအဖွဲ့ဝင်တွေနဲ့ မတူတာက သမ္မတဦးသိန်းစိန်ဟာ လူ့အခွင့်အရေးချိုးဖောက်မှု ဒါမှမဟုတ် အကြမ်းဖက်မှုတွေမှာ ဘယ်တုန်းကမှ တိုက်ရိုက် ပါဝင်ပတ်သက်ဘူးခြင်း မရှိခဲ့ပါဘူး။
ပြည်ပနိုင်ငံတွေမှာ တွေ့မြင်ခဲ့ရတာတွေကလည်း သမ္မတကြီးအပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။ သမ္မတ ဦး သိန်းစိန်ဟာ အသက်(၄၀) အရွယ် မှာ ပြည်ပနိုင်ငံကို ပထမဆုံးအကြိမ်သွားရောက်ခဲ့ရပါတယ်။ အခြားသော ဗိုလ်ချုပ် ကြီးတွေနဲ့ မတူညီတာက အနည်းဆုံးတော့ ဦးသိန်းစိန် ဟာ ပြင်ပကမ္ဘာနဲ့ ထိတွေ့မှု ရရှိခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ တစ်ချိန်က ကမ္ဘာကြီးပေါ်မှာ အများဆုံး ဆန်တင်ပို့တဲ့နိုင်ငံဟာ အာရှရဲ့ထွန်းသစ်လာတဲ့စီးပွားရေးတွေနောက်မှာ များစွာ နောက်ကျ ကျန်ရစ်ခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ပြီး လူပေါင်း တစ်သိန်းသုံးသောင်းကျော် သေဆုံးခဲ့ရတဲ့အခါ အန္တရာယ်များလှတဲ့ မြန်မာနိုင်ငံရဲ့ ဘေးဒုက္ခတွေ ကြုံဆုံခဲ့ရပါတယ်။ မြန် မာနိုင်ငံရဲ့သမိုင်းကြောင်းမှာ ပြည်ပက ပေးကမ်းလှူဒါန်းတဲ့နိုင်ငံတွေရဲ့ နိုင် ငံရေးသဘော တရားရေးရာအရ လွှမ်းမိုးမှုတွေ လျော့ပါးစေဖို့အတွက် ဗိုလ်ချုပ်ကြီးတွေဟာ ပြည်ပအကူအညီတွေကို လက်မခံခဲ့ကြ ပါဘူး။
နာဂစ်မုန်တိုင်း ဝင်ရောက်ပြီး တစ်ပတ်အကြာ ရွာတွေဆီကို လှေနဲ့ ဝင်သွားတဲ့အခါမှာ ပျက်စီးနေတဲ့ စပါးခင်း တွေကြားမှာ၊ သီးနှံတွေ ပျက်ပြီး ရေဝင်နေတဲ့ လယ်ကွင်းတွေထဲမှာ အသက်ရှင်သန်နေသူတွေ တည်ရှိနေကြပါတယ်။
ဒီသဘာဝဘေးကျရောက်တဲ့နယ်မြေဒေသကို ပထမဆုံး ရောက်ရှိသွားခဲ့တဲ့ စစ်အစိုးရခေါင်းဆောင်ကတော့ ဦးသိန်းစိန်ပဲ ဖြစ်ပါတယ်။
အဲဒီအချိန်မှာ သမ္မတကြီးဟာ ကြီးစွာ တုန်လှုပ်ခြောက်ခြားသွားပါလိမ့်မယ်။
“ဗိုလ်ချုပ်ကြီးသိန်းစိန် ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ သွားရောက်ပြီး ကျွန်တော်တို့ ပြည်သူတွေကို ကူညီမှ ဖြစ်မယ်” လို့ ပြောကြားခဲ့ တယ် လို့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကွယ်လွန်သွားခဲ့တဲ့ အစိုးရအကြံပေး ဦးနေဝင်းမောင်က ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ ပြောကြားခဲ့ပါတယ်။ “ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ ဒီအတွက် နာမည်ကောင်း မယူခဲ့ပါဘူး။ ဒါပေမယ့် သူဟာ အပြောင်း အလဲကြီးကို လုပ်ဆောင်ခဲ့တာပါ” လို့ ဦးနေဝင်းမောင်က ပြောခဲ့ပါတယ်။
ဘယ်အာဏာရှင်မှ အပြင်ပန်းက ထင်မြင်နေကြသလို သူတစ်ဘက်သားကို ဒုက္ခပေးလိုတဲ့ ကျောက်သား ကျောက်စိုင်ကြီးတွေ မဟုတ်ကြပါ။ ဒါ့အပြင် စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ အစိုးရထဲမှာ အာဏာရှင်အကြီးအကဲ တစ်ယောက်ရဲ့အမိန့်နဲ့ ဆောင်ရွက်ခဲ့ရာကနေ ပြုပြင်ပြောင်းလဲရေးစိတ်ရှိတဲ့ ခေါင်းဆောင် တစ်ယောက်လက်ထက် ရောက်ရှိသွားတာနဲ့ အပြောင်းအလဲတွေဟာ လျင်လျင်မြန်မြန် သိသိသာသာ ဖြစ်ပေါ်လာနိုင်ပါတယ်။
စစ်သည်အင်အား လေးသိန်းရှိတဲ့ တပ်မတော်ရဲ့ ထိပ်ပိုင်းမှာ အထီးကျန်နိုင်ငံမှာ နေလိုတဲ့ဆန္ဒမရှိတဲ့ အင်္ဂလိပ် စကားပြောကြား နိုင်တဲ့ သူတွေုအပြည့်ရှိနေပါတယ်။ အင်္ဂလိပ်ဘာသာ စကားကို သင့်တင့်လျောက် ပတ်စွာ ပြောကြားနိုင်တဲ့ သမ္မတကြီးဟာ အိုဘားမား၊ ဟင်နရီကစ်ဆင်းဂျားနဲ့ တိုနီဘလဲတို့လို အနောက်နိုင်ငံခေါင်းဆောင်တွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ် ရှုကြောင်း ပြောခဲ့ပါတယ်။
နေပြည်တော်မှာ တစ်ချိန်တုန်းက ကမ္ဘာ့အဖိနှိပ်ဆုံး အစိုးရသတင်းစာဖြစ် ခဲ့တဲ့ New Light of Myanmar သတင်းစာ အယ်ဒီတာနဲ့ တွေ့ဆုံခဲ့ပါတယ်။
စစ်ဘက်အရာရှိဟောင်းဖြစ်တဲ့ သန်းမြင့်ထွန်းက သူတို့ သတင်းစာက လေလှိုင်းထဲက လူသတ်သမားလို့ ကင်ပွန်းတပ်ခဲ့တဲ့ ပြည်ပသတင်းအစီရင်ခံချက်တွေကို နားထောင်ခဲ့ ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
“အမှောင်ထဲမှာ အမြဲတမ်း ဘယ်သူနေချင်ပါ့မလဲ” လို့ ၄င်းက မေးခဲ့ပါတယ်။ “ကျွန်တော်တို့လည်း ကမ္ဘာ့မိသားစုဝင် ဖြစ်ချင်ပါတယ်” လို့ သူက ပြောပါတယ်။
ပြီး
Now that international sanctions have been lifted on Burma, Western
businessmen are flocking to the world’s newest economic frontier. The
dramatic political
climate change
is due to reforms that emanated from within the military regime that
once ruled the country; and chief among the reformers is President
Thein Sein, Burma’s own Gorbachev, down to his gray pallor and balding pate—and the subject of a TIME profile this week,
available to subscribers here. While
Russia
has faltered on its path toward democracy, Burma, which is officially
known as Myanmar, has a chance to forge a different route.
He has been startlingly conciliatory to the opposition once hounded
mercilessly by the military regime—including the charismatic Aung San
Suu Kyi. In a September speech to the U.N. General Assembly in New York
City, Thein Sein acknowledged the “authoritarian” nature of the junta he
once belonged to and congratulated Suu Kyi “for the honors she has
received in this country in recognition of her efforts for democracy.”
There’s a tantalizing hint of his principles from the President’s
days as a major. In the weeks after the generals crushed the 1988
pro-democracy movement — in which Suu Kyi gained fame — by killing
hundreds of protesters, students and monks tried to flee to neighboring
countries. While other commanders imprisoned the activists they caught,
Thein Sein quietly released some of them. “Thein Sein is a simple man,
but he is a good man,” says Soe Thane, the former head of the Burmese
navy and now a reformist minister in the President’s Office. “He is a
statesman, not a politician.”
The once formidable regime began to transform after a cataclysmic
cyclone in 2008 pummeled the country. Burmese who criticized the
government’s response were handed lengthy jail terms. A further manmade
crisis was averted when aid, both domestic and foreign, began reaching
farflung villages. But, in the generals’ lair, Naypyidaw—a
multi-billion-dollar fortress against regime change—even Burma’s rulers
felt the landscape was shifting. Now in his 80s, Than Shwe, the head of
the junta, was surely concerned about his legacy. Previous junta leaders
had been purged upon retirement. “The Senior General didn’t want to
spend his last years under house arrest,” says an aide to Thein Sein.
“He trusted Thein Sein to keep his promise to let him disappear
gracefully.” Thein Sein told TIME that he and his former boss “do not
speak regularly.”
For all the praise heaped upon his tenure thus far, Thein Sein and
the new Burma face considerable hurdles. If he is the indispensable man
of the moment, then his well-being is at issue. He wears a pacemaker for
his heart. There is also always the danger that a man whom history has
designated a transitional figure will not accept his own transition.
If Burma wants true international approval, it will have to tackle
the broken economy as well as the gap between what new laws promise and
what they so far have delivered. Foreign investment in Burma actually
declined in the first nine months of 2012 compared to the same period in
2011. Regime cronies are feasting on the nation’s natural resources,
grabbing land and sweetheart contracts. The scale of graft is epidemic.
In November, thugs broke up a Buddhist monk-led protest over a copper
mine linked to a Chinese arms manufacturer, a common terror tactic
during the junta’s days. (The government later apologized for the
crackdown in which protesters were burned and beaten.)
Perhaps the most important—and certainly the most
existential—challenge is the ethnic friction that could cleave a nation
with little binding it together other than lines drawn on colonial maps.
Decades of fighting and tribal mistrust have left more than a million
people in Burma displaced or stateless.
One of the most contentious areas is far western Arakan (or Rakhine)
state, where the population includes Arakanese Buddhists and stateless
Muslims called Rohingya. Since June, clashes between the Arakanese and
Muslim residents have claimed at least 100 lives across Arakan and left
tens of thousands more homeless.
The generals who wrested control of Burma from its civilian rulers in
1962 didn’t bother much with justifying their rule. But any shred of
legitimacy the army regime possessed came from its purported ability to
halt the centrifugal forces ripping apart this diverse nation. Cobbled
together by the colonial British, Burma is a patchwork land of 135
officially recognized ethnic groups (the Rohingya are not officially
recognized as such, compounding the problems in Arakan). Since coming to
power, Thein Sein’s government has signed ceasefires with 10 major
ethnic militias, who were fighting for autonomy. Only one ethnic
insurgent group, the Kachin Independence Army, remains at war. Since
June 2011, fighting in Kachin areas, which border China, has claimed
hundreds of lives and displaced some 100,000 people, most of whom have
received no international aid. In recent days, the Burmese military has
escalated hostilities by launching airstrikes on the Kachin.
Thein Sein says that further reforms are key to defusing Burma’s
ethnic tinderbox. “It is only with a wholly democratic government that
we can make peace sustainable,” he says. Aung Min, a former
major-general who is now a minister dealing with ethnic affairs, talks
about power-sharing arrangements to ensure that minorities, many of whom
live in areas rich with natural resources, feel they are not being
exploited. “The President is willing to try many things,” he says. “He
knows that the military should be the last resort to fix a conflict.”
Sometimes, even reformists are only willing to go so far. The army’s
shelling of the Kachin undercuts Thein Sein’s vow to seek peace with the
rebels, while his response to the Arakan violence is tepid at best. At
first, he seemed to indicate that the Rohingya should be sent to
Bangladesh, arguing that they were Bengali immigrants. (Bangladesh,
which already hosts tens of thousands of Rohingya refugees, has refused
to accept any more.) The only time Thein Sein looked peevish during our
interview was when TIME pressed him on the fate of the Rohingya. “Next
question,” he said.