တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

Tuesday, October 18, 2011

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်

ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂ဝ၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၁ဝ။)

၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်

(၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေတွင်-


(က)

ပုဒ်မ ၇၄၊ ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်း အစားထိုးရမည်-


''၇၄။

(က)

ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက် သို့မဟုတ် အမိန့်တစ်ခုခုကို မကျေနပ်သည့် လျှောက် ထားသူ သို့မဟုတ် လျှောက်ထား ခံရသူအဖြစ် ပါဝင်ခဲ့သူသည် သတ်မှတ်ထားသည့် ကာလ အတွင်း သတ်မှတ် ထားသည့် နည်းလမ်းအတိုင်း ကော်မရှင်သို့ အယူခံမှု သို့မဟုတ် ပြင်ဆင်မှု လျှောက်ထား နိုင်သည်။ ပြင်ဆင်မှု လျှောက်ထားရာတွင် ဥပဒေရေးရာ ပြဿနာ ပေါ်ပေါက်မှ သာ လျှောက်ထားခွင့် ရှိသည်။''


(ခ)

ပုဒ်မ ၈၈ ကို အောက်ပါအတိုင်း အစားထိုးရမည် -


''၈၈။

(က)

နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုဖြင့် ဖြစ်စေ၊ သေဒဏ် သို့မဟုတ် တစ်သက် တစ်ကျွန်း ဒဏ် ထိုက်သော ပြစ်မှုဖြင့်ဖြစ်စေ ပြစ်မှုထင်ရှား စီရင်ခြင်းခံရသဖြင့် လွှတ်တော်ကိုယ်စား လှယ် အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိကြောင်း ကော်မရှင်က ကြေညာခြင်း ခံရသူသည် ယင်းသို့ ကြေညာသည့် နေ့မှစ၍ နောင်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲများတွင် လွှတ်တော် ကိုယ်စားလှယ် လောင်း အဖြစ် ပါဝင် ယှဉ်ပြိုင်ခွင့် မရှိစေရ။



(ခ)

အခန်း(၁၃)ပါ ပြစ်မှု တစ်ရပ်ရပ်အရ ထောင်ဒဏ် ကျခံရသဖြင့် လွှတ်တော် ကိုယ်စားလှယ် လောင်း သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်း ကော်မရှင်က ကြေညာခြင်း ခံရသူသည် ယင်းသို့ ကြေညာသည့် နေ့မှစ၍ လက်ရှိ လွှတ်တော် သက်တမ်းနှင့် နောက်လာမည့် လွှတ်တော် သက်တမ်း တစ်ခုအတွက် ကျင်းပသည့် ရွေးကောက်ပွဲ များတွင် လွှတ်တော် ကိုယ်စားလှယ် လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိစေရ။



(ဂ)

ပုဒ်မခွဲ(က)နှင့်(ခ) မှအပ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက် ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်း ပုဒ်မ ၇၄၊ ပုဒ်မခွဲ(ခ) သို့မဟုတ် ပုဒ်မ ၇၅၊ ပုဒ်မခွဲ(ခ)အရ ကော်မရှင်က နိုင်ငံတော် ပြန်တမ်းတွင် ထုတ်ပြန် ကြေညာခြင်း ခံရသူသည် လည်းကောင်း၊ သတ်မှတ် ထားသည့် အတိုင်း ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်း တင်သွင်းရန် ပျက်ကွက် သဖြင့် အရည်အချင်း ပျက်ယွင်း သည်ဟု ရွေးကောက်ပွဲ ခုံအဖွဲ့၏ ဆုံးဖြတ်ခံရပြီး ကော်မရှင်က အရည်အချင်း ပျက်ယွင်းသူဟု ကြေညာခြင်း ခံရသော လွှတ်တော် ကိုယ်စားလှယ် သို့မဟုတ် ရွေးကောက်ပွဲ ကိုယ်စားလှယ်သည် လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက် ခံရပြီးနောက် တည်ဆဲဥပဒေ တစ်ရပ်ရပ် အရ ထောင်ဒဏ် ကျခံ ရသဖြင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်း ကော်မရှင်က ကြေညာခြင်း ခံရသော လွှတ်တော် ကိုယ်စားလှယ်သည် လည်းကောင်း ယင်းသို့ ကြေညာသည့် နေ့မှစ၍ လက်ရှိ လွှတ်တော် သက်တမ်းအတွင်း ကျင်းပသည့် ရွေးကောက်ပွဲ များတွင် လွှတ်တော် ကိုယ်စားလှယ် လောင်း အဖြစ် ပါဝင် ယှဉ်ပြိုင်ခွင့် မရှိစေရ။''

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။




(ပုံ) သိန်းစိန်




နိုင်ငံတော်သမ္မတ




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်း

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂ဝ၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉။)

၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်

(၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေတွင်-


(က)

ပုဒ်မ ၇၄၊ ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်း အစားထိုးရမည်-



''၇၄။(က)

ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက် သို့မဟုတ် အမိန့် တစ်ခုခုကို မကျေနပ်သည့် လျှောက်ထားသူ သို့မဟုတ် လျှောက်ထားခံရသူ အဖြစ် ပါဝင်ခဲ့ သူသည် သတ်မှတ် ထားသည့် ကာလ အတွင်း သတ်မှတ် ထားသည့် နည်းလမ်း အတိုင်း ကော်မရှင်သို့ အယူခံမှု သို့မဟုတ် ပြင်ဆင်မှု လျှောက်ထား နိုင်သည်။ ပြင်ဆင်မှု လျှောက်ထားရာတွင် ဥပဒေရေးရာ ပြဿနာ ပေါ်ပေါက် မှသာ လျှောက်ထားခွင့် ရှိသည်။''


(ခ)

ပုဒ်မ ၈၈ ကို အောက်ပါ အတိုင်း အစားထိုးရမည်-



''၈၈။(က)

နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှုဖြင့် ဖြစ်စေ၊ သေဒဏ် သို့မဟုတ် တစ်သက် တစ်ကျွန်းဒဏ် ထိုက်သော ပြစ်မှုဖြင့် ဖြစ်စေ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရသဖြင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆက်လက် ရပ်တည် ပိုင်ခွင့် မရှိကြောင်း ကော်မရှင်က ကြေညာခြင်း ခံရသူသည် ယင်းသို့ ကြေညာသည့် နေ့မှစ၍ နောင်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲ များတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိစေရ။



(ခ)

အခန်း(၁၃)ပါ ပြစ်မှုတစ်ရပ်ရပ်အရ ထောင်ဒဏ် ကျခံရသဖြင့် လွှတ်တော် ကိုယ်စားလှယ်လောင်း သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်း ကော်မရှင်က ကြေညာခြင်း ခံရသူသည် ယင်းသို့ ကြေညာသည့် နေ့မှစ၍ လက်ရှိ လွှတ်တော် သက်တမ်းနှင့် နောက်လာမည့် လွှတ်တော် သက်တမ်း တစ်ခုအတွက် ကျင်းပသည့် ရွေးကောက်ပွဲများတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင် ယှဉ်ပြိုင်ခွင့် မရှိစေရ။



(ဂ)

ပုဒ်မခွဲ (က) နှင့် (ခ) မှအပ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက် ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်း ပုဒ်မ ၇၄၊ ပုဒ်မခွဲ(ခ)သို့မဟုတ် ပုဒ်မ၇၅၊ ပုဒ်မခွဲ (ခ)အရ ကော်မရှင်က နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန် ကြေညာခြင်း ခံရသူသည် လည်းကောင်း၊ သတ်မှတ် ထားသည့် အတိုင်း ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်း တင်သွင်းရန် ပျက်ကွက်သဖြင့် အရည်အချင်း ပျက်ယွင်းသည်ဟု ရွေးကောက်ပွဲ ခုံအဖွဲ့၏ ဆုံးဖြတ်ခံရပြီး ကော်မရှင်က အရည်အချင်း ပျက်ယွင်းသူဟု ကြေညာခြင်း ခံရသော လွှတ်တော် ကိုယ်စားလှယ် သို့မဟုတ် ရွေးကောက်ပွဲ ကိုယ်စားလှယ်သည် လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက် ခံရပြီးနောက် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ထောင်ဒဏ် ကျခံရသဖြင့် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့ ကြောင်း ကော်မရှင်က ကြေညာခြင်း ခံရသော လွှတ်တော် ကိုယ်စားလှယ် သည် လည်းကောင်း ယင်းသို့ ကြေညာသည့် နေ့မှစ၍ လက်ရှိ လွှတ်တော် သက်တမ်း အတွင်း ကျင်းပသည့် ရွေးကောက်ပွဲ များတွင် လွှတ်တော် ကိုယ်စားလှယ် လောင်း အဖြစ် ပါဝင် ယှဉ်ပြိုင်ခွင့် မရှိစေရ။''

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။




(ပုံ) သိန်းစိန်




နိုင်ငံတော်သမ္မတ




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်း

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂ဝ၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၈။)

၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်

(၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေတွင်-


(က)

ပုဒ်မ ၇၄၊ ပုဒ်မခွဲ (က)ကို အောက်ပါအတိုင်း အစားထိုးရမည်-


''၇၄။

(က)

ရွေးကောက်ပွဲ ခုံအဖွဲ့၏ ဆုံးဖြတ်ချက် သို့မဟုတ် အမိန့် တစ်ခုခုကို မကျေနပ်သည့် လျှောက်ထားသူ သို့မဟုတ် လျှောက်ထား ခံရသူ အဖြစ် ပါဝင်ခဲ့ သူသည် သတ်မှတ် ထားသည့် ကာလ အတွင်း သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ကော်မရှင်သို့ အယူခံမှု သို့မဟုတ် ပြင်ဆင်မှု လျှောက်ထား နိုင်သည်။ ပြင်ဆင်မှု လျှောက်ထား ရာတွင် ဥပဒေရေးရာ ပြဿနာ ပေါ်ပေါက်မှ သာ လျှောက်ထားခွင့် ရှိသည်။''


(ခ)

ပုဒ်မ ၈၈ ကို အောက်ပါအတိုင်း အစားထိုးရမည်-


''၈၈။

(က)

နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုဖြင့် ဖြစ်စေ၊ သေဒဏ် သို့မဟုတ် တစ်သက် တစ်ကျွန်း ဒဏ် ထိုက်သော ပြစ်မှုဖြင့်ဖြစ်စေ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရသဖြင့် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိကြောင်း ကော်မရှင်က ကြေညာခြင်း ခံရသူသည် ယင်းသို့ ကြေညာသည့် နေ့မှစ၍ နောင်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲ များတွင် လွှတ်တော် ကိုယ်စား လှယ်လောင်း အဖြစ် ပါဝင် ယှဉ်ပြိုင်ခွင့် မရှိစေရ။



(ခ)

အခန်း(၁၃)ပါ ပြစ်မှုတစ်ရပ်ရပ်အရ ထောင်ဒဏ် ကျခံရ သဖြင့် လွှတ်တော် ကိုယ်စားလှယ်လောင်း သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိ တော့ကြောင်း ကော်မရှင်က ကြေညာခြင်း ခံရသူသည် ယင်းသို့ ကြေညာသည့် နေ့မှစ၍ လက်ရှိ လွှတ်တော် သက်တမ်းနှင့် နောက်လာမည့် လွှတ်တော် သက်တမ်း တစ်ခုအတွက် ကျင်းပသည့် ရွေးကောက်ပွဲ များတွင် လွှတ်တော် ကိုယ်စားလှယ် လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင် ခွင့် မရှိစေရ။



(ဂ)

ပုဒ်မခွဲ (က)နှင့် (ခ)မှအပ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက် ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်း ပုဒ်မ ၇၄၊ ပုဒ်မခွဲ(ခ) သို့မဟုတ် ပုဒ်မ၇၅၊ ပုဒ်မခွဲ (ခ)အရ ကော်မရှင်က နိုင်ငံတော် ပြန်တမ်းတွင် ထုတ်ပြန် ကြေညာခြင်း ခံရသူသည် လည်းကောင်း၊ သတ်မှတ် ထားသည့် အတိုင်း ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်း တင်သွင်းရန် ပျက်ကွက် သဖြင့် အရည်အချင်း ပျက်ယွင်းသည်ဟု ရွေးကောက် ပွဲ ခုံအဖွဲ့၏ ဆုံးဖြတ်ခံရပြီး ကော်မရှင် က အရည်အချင်း ပျက်ယွင်းသူဟု ကြေညာခြင်း ခံရသော လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် ရွေးကောက်ပွဲ ကိုယ်စားလှယ်သည် လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက် ခံရပြီးနောက် တည်ဆဲ ဥပဒေ တစ်ရပ်ရပ် အရ ထောင်ဒဏ် ကျခံရသဖြင့် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်း ကော်မရှင်က ကြေညာခြင်း ခံရသော လွှတ်တော် ကိုယ်စားလှယ် သည် လည်းကောင်း ယင်းသို့ ကြေညာသည့် နေ့မှစ၍ လက်ရှိ လွှတ်တော် သက်တမ်း အတွင်း ကျင်းပသည့် ရွေးကောက်ပွဲ များတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင် ယှဉ်ပြိုင်ခွင့် မရှိစေရ။''

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။




(ပုံ) သိန်းစိန်




နိုင်ငံတော်သမ္မတ




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း

Tuesday, October 11, 2011

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ် ၄၉/ ၂၀၁၁

၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်

(၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်)

လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း

၁။ နိုင်ငံတော် အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်ရေး၊ ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကြိုးပမ်း လုပ်ဆောင်လျက် ရှိပါသည်။

၂။ ဤသို့ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် နိုင်ငံတော်သည် တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်ခဲ့သူများအား တရားဥပဒေနှင့် အညီ ပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့ရပါသည်။ ဤသို့ ပြစ်ဒဏ် စီရင်ခြင်းခံရသည့် အသက်အရွယ် ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများ၊ ကိုယ်လက်အင်္ဂါချို့တဲ့သူများ အပါအ၀င် အကျဉ်းသားများ အားလုံးအနက်မှ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား နိုင်ငံတော်အစိုးရသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ)ပါ ပြဌာန်းချက်နှင့် အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင်ပြောင်းလဲ ပေးနိုင်ရန် အစီအမံများ စနစ်တကျ စီစဉ် ဆောင်ရွက်ပေးလိုပါသည်။

၃။ သို့ဖြစ်ရာ ထိုက်သင့်သော ပြစ်ဒဏ်များကို ချခံပြီး ဖြစ်သည့် စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသော အကျဉ်းသားများအား လူသားချင်း စာနာထောက်ထားမှုနှင့် သနား ချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့် လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညှာသော အနေဖြင့် လည်းကောင်း၊ ယင်းတို့သည် နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံ့အကျိုးအတွက် အများပြည်သူနှင့်အတူ တာဝန် ထမ်းဆောင် သွားနိုင်စေရန် အတွက် လည်းကောင်း အကျဉ်းထောင် အသီးသီးမှ ပူးတွဲ အမည်စာရင်းပါ အကျဉ်းသား (၆၃၅၉)ဦး တို့အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ ယင်းတို့ ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များ အပေါ် ၁၃၇၃ ခုနှစ်၊ သီတင်းကျွတ် လပြည့်နေ့ (ခရစ် သက္ကရာဇ် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်) မှစ၍ ကျခံနေရသော ပြစ်ဒဏ် အသီးသီးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။



ပုံ -



(သိန်းစိန်)



နိုင်ငံတော်သမ္မတ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
MYANMAR GAZETTE - မီးပြတိုက်