ရုံးခွန်အက်ဥပဒေကို ပြင်ဆင်သည့်  ဥပဒေပြဋ္ဌာန်းရုံးခွန်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

Thursday, September 29, 2011

(၂ဝ၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅။)

၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက်

(၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ရုံးခွန်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ရုံးခွန်အက်ဥပဒေပုဒ်မ ၁၅ ၌ ပါရှိသော “Clause (b) or clause (d)ဆိုသည့် စကားရပ် ကိုလည်းကောင်း၊ ပုဒ်မ ၂၂ နှင့် ၂၃ တို့ကိုလည်းကောင်း ပယ်ဖျက်ရမည်။

၃။ ရုံးခွန်အက်ဥပဒေတွင် ပုဒ်မ ၂ဝ မှအပ အခြားပုဒ်မများတွင်ပါရှိသော “President of the Republic of the Union of Myanmar may”ဆိုသည့်စကားရပ်ကို “Ministry of Finance and Revenue of the Union Government may, with the approval of the Union Government”ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ ပုဒ်မ ၂ဝ ၌ပါရှိသော “President of the Republic of the Union of Myanmar”ဆိုသည့်စကားရပ်ကို “the Union Government”ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည်။

၎။ ရုံးခွန်အက်ဥပဒေပုဒ်မ ၃၅ ကို အောက်ပါအတိုင်း အစားထိုးရမည် -

35.

The Ministry of Finance and Revenue of the Union Government may, with the approval of the Union Government, by notification:


(a)

reduce or remit all or any of the fees mentioned in the First and Second Schedules of this Act.


(b)

amend or enhance all or any of the amounts or values, numbers or proper fees mentioned in this Act including those in Schedules annexed thereto.”

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

0 comments:

 
MYANMAR GAZETTE - မီးပြတိုက်